Business
ကနေဒါက Saab ၏ GlobalEye အစောပိုင်းသတိပေးလေယာဉ်များ ဝယ်ယူရန် ဆွီဒင်ကုမ္ပဏီနှင့် ဆွေးနွေးနေကြောင်း ကာနီ ပြော

ကနေဒါနိုင်ငံသည် ဆွီဒင်အခြေစိုက် Saab ကုမ္ပဏီထုတ် GlobalEye အစောပိုင်းသတိပေးလေယာဉ်များကို ဝယ်ယူရန် ဆွေးနွေးညှိနှိုင်းမှုများ စတင်ထားကြောင်း ဝန်ကြီးချုပ် မတ်ခ် ကာနီက ဗုဒ္ဓဟူးနေ့တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။ Boeing ၏ E-7 Wedgetail လည်း အဆိုပါ စာချုပ်အတွက် ယှဉ်ပြိုင်လျက်ရှိသည်။
Reuters သတင်းအရ GlobalEye လေယာဉ်သည် Bombardier ၏ Global 6500 ဂျက်လေယာဉ်ကို အခြေခံ၍ တည်ဆောက်ထားခြင်းဖြစ်သည်။ ဆွီဒင် Saab Technologies က ထုတ်လုပ်ထားသည့် အဆိုပါ လေယာဉ်ကို ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၂၁ ရက်က အာရပ်စော်ဘွားများပြည်ထောင်စု ဒူဘိုင်းမြို့၌ ကျင်းပသည့် Dubai Air Show ၏ ပဉ္စမနေ့တွင်လည်း ပြသခဲ့ကြောင်း သိရသည်။