Policies
ကိုရီးယားနှင့် ကနေဒါ ရေတပ်များ ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်

ကိုရီးယားနှင့် ကနေဒါ ရေတပ်တို့သည် ယခုသီတင်းပတ်အတွင်း ကနေဒါနိုင်ငံ အနောက်ဘက်ကမ်းရိုးတန်းအနီး၌ ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ရပ် ပြုလုပ်ခဲ့ကြောင်း ဆိုးလ်စစ်တပ်က စနေနေ့တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါလေ့ကျင့်မှုကြောင့် နှစ်နိုင်ငံ၏ ပူးတွဲစစ်ဆင်ရေး စွမ်းရည်များကို ပိုမိုမြှင့်တင်နိုင်ခဲ့ကြောင်းလည်း သိရသည်။
လေ့ကျင့်မှုတွင် တန်ချိန် ၃,၀၀၀ ရှိ ROKS Dosan Ahn Chang-ho ရေငုပ်သင်္ဘော၊ တန်ချိန် ၃,၁၀၀ ရှိ Daejeon ဖရီးဂိတ်စစ်သင်္ဘောနှင့် ကိုရီးယားရေတပ် ရဟတ်ယာဉ်များ ပါဝင်ခဲ့သည်။ ကနေဒါဘက်မှ HMCS Corner Brook ရေငုပ်သင်္ဘော၊ Ottawa ဖရီးဂိတ်စစ်သင်္ဘောနှင့် CH-148 သင်္ဘောတက်ရဟတ်ယာဉ်များလည်း ပူးပေါင်းပါဝင်ခဲ့ကြောင်း ဆိုးလ်စစ်တပ်က ပြောသည်။ ထို့ပြင် သင်္ဘောတိုက်ခိုက်ရေး ပစ်ခတ်လေ့ကျင့်မှုနှင့် ရေငုပ်သင်္ဘောဆန့်ကျင်ရေး စစ်ရေးလေ့ကျင့်မှုများလည်း ပါဝင်ခဲ့သည်။