Search for similar products on 1688 ❯

My

အန်ဂျလီနာဂျိုလီနှင့် ဘရက်ပစ်၏ သမီး ရှီလိုးဂျိုလီ K-pop MV teaser တွင် ပါဝင်

ဟောလီးဝုဒ်သရုပ်ဆောင်မင်းသမီး အန်ဂျလီနာဂျိုလီနှင့် သရုပ်ဆောင် ဘရက်ပစ်တို့၏ သမီး ရှီလိုးဂျိုလီသည် K-pop အနုပညာရှင် Dayoung ၏ လာမည့် သီချင်းဗီဒီယို teaser တွင် နောက်ခံအကသမားအဖြစ် ပါဝင်ခဲ့ပြီး လူမှုကွန်ရက်ပေါ်တွင် အာရုံစိုက်မှု မြင့်တက်လာခဲ့သည်။ မိခင်ဖြစ်သူနှင့် ချွတ်စွပ်တူသည့် ရုပ်သွင်ကြောင့်လည်း ပရိသတ်များအကြား ပိုမိုပြောစရာဖြစ်နေသည်။

အသက် 19 နှစ်အရွယ် ရှီလိုးဂျိုလီသည် Dayoung ၏ “What’s a girl to do” သီချင်းဗီဒီယိုအတွက် Starship Entertainment က ကြာသပတေးနေ့တွင် ထုတ်ပြန်ခဲ့သည့် 30 စက္ကန့်ကြာ teaser တွင် အခြားအကသမားများနှင့်အတူ choreography အတွင်း ပါဝင်ထားသည်။ teaser ထဲတွင် သူမသည် နောက်ကျောသို့ ဆွဲတင်ထားသော ဆံပင်ပုံစံ၊ hoop နားကပ်များနှင့် ဇာပါ brown top ကို ဝတ်ဆင်ထားသည်ကို တွေ့ရသည်။

ရှီလိုးဂျိုလီကို အမေရိကန်ပြည်ထောင်စု၌ ကျင်းပခဲ့သော open audition မှတစ်ဆင့် ရွေးချယ်ခဲ့ကြောင်း သိရသည်။ Starship Entertainment ကလည်း အကစွမ်းရည်ကြောင့် ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ရိုက်ကူးရေးပြီးဆုံးချိန်အထိ production team အနေဖြင့် သူမ၏ မည်သူမည်ဝါဖြစ်ကြောင်း မသိခဲ့ကြောင်း ပြောကြားထားသည်။

ရှီလိုးဂျိုလီ၏ အကပေါ် စိတ်ဝင်စားမှုကို ယခင်ကလည်း လူသိများခဲ့ပြီး 2024 ခုနှစ် မေလတွင် choreographer Lil Kelaan Carter က သူမ၏ solo dance video ကို Instagram ပေါ်တွင် မျှဝေကာ “Her movement is crazy” ဟု ရေးသားခဲ့သည်။

ရှီလိုးဂျိုလီသည် 2024 ခုနှစ်တွင် အသက် 18 နှစ်ပြည့်သည့်အခါ “Pitt” ဟူသော မျိုးနာမည်အပိုင်းကို တရားဝင် ဖယ်ရှားခဲ့သည်။ အန်ဂျလီနာဂျိုလီနှင့် ဘရက်ပစ်တို့သည် ကလေး 6 ဦး ရှိပြီး 2 နှစ်ကြာ လက်ထပ်နေထိုင်ပြီးနောက် 2016 ခုနှစ်တွင် လမ်းခွဲခဲ့ကြသည်။

တစ်ဖက်တွင် Dayoung သည် မိန်းကလေးအဖွဲ့ WJSN ၏ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး “What’s a girl to do” ၏ အပြည့်အစုံ music video ကို အင်္ဂါနေ့တွင် ထုတ်ပြန်မည်ဖြစ်သည်။

Leave a Comment

Your email address will not be published. Required fields are marked *