My

အီရန်နှင့် အိုမန် ဟော်မုဇ်ရေလက်ကြား သွားလာရေး ပူးတွဲစည်းမျဉ်းမူကြမ်း ပြင်ဆင်နေ

အီရန်နိုင်ငံက ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားလာသည့် ရေယာဉ်များကို စောင့်ကြည့်ထိန်းညှိမည့် ငြိမ်းချမ်းရေးကာလဆိုင်ရာ ပရိုတိုကောလ်တစ်ရပ်ကို အိုမန်နှင့် ပူးတွဲပြင်ဆင်နေကြောင်း ကြေညာခဲ့သည်။ အမေရိကန်နှင့် အစ္စရေးတို့နှင့် ဖြစ်ပွားနေသည့် စစ်ရေးတင်းမာမှုများ ပြီးဆုံးပြီးနောက် အသက်ဝင်မည့် အဆိုပါအစီအစဉ်တွင် ရေကြောင်းသွားလာရေးအတွက် အခြေခံစည်းမျဉ်းများ သတ်မှတ်ပေးမည်ဟု ဆိုသည်။

အီရန်နိုင်ငံခြားရေး ဒုဝန်ကြီး ကာဇမ် ဂါရီဘာဒီ (Kazem Gharibabadi) က ရုရှားနိုင်ငံပိုင် Sputnik သတင်းဌာနသို့ ပြောကြားရာတွင် အတွင်းပိုင်းမူကြမ်းရေးဆွဲမှု ပြီးစီးပါက အိုမန်ဘက်နှင့် ညှိနှိုင်းဆွေးနွေးမှုများ စတင်ပြီး ပူးတွဲပရိုတိုကောလ်တစ်ရပ် ရရှိရေး ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု IRNA သတင်းဌာနက ဖော်ပြသည်။

ဟော်မုဇ်ရေလက်ကြားသည် ကမ္ဘာ့ရေနံသယ်ယူပို့ဆောင်ရေးအတွက် အရေးပါသည့် လမ်းကြောင်းတစ်ခုဖြစ်ပြီး ထိုလမ်းကြောင်းကို ပိတ်ဆို့နိုင်ခြေရှိသည့် အီရန်၏ လှုပ်ရှားမှုများက ကမ္ဘာ့စီးပွားရေးကို လှုပ်ခတ်စေခဲ့သည်။ အိုမန်ဘက်ကမူ ယင်းကဲ့သို့ ညှိနှိုင်းမှုများ ရှိနေကြောင်း တရားဝင် မကြေညာသေးဘဲ၊ ပြီးခဲ့သည့်လက နိုင်ငံခြားရေးဝန်ကြီးက ဟော်မုဇ်ရေလက်ကြားအတွက် ဘေးကင်းလုံခြုံစွာ ဖြတ်သန်းသွားလာနိုင်ရေး စီမံဆောင်ရွက်ချက်များကို အလွန်တက်ကြွစွာ လုပ်ဆောင်နေကြောင်း ပြောကြားခဲ့သည်။

Leave a Comment

Your email address will not be published. Required fields are marked *