My

အမေရိကန်လွှတ်တော်အမတ်အဖွဲ့နှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို တောင်ကိုရီးယား ကုန်သွယ်ရေးဝန်ကြီး ဆွေးနွေး

Business

အမေရိကန်လွှတ်တော်အမတ်အဖွဲ့နှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို တောင်ကိုရီးယား ကုန်သွယ်ရေးဝန်ကြီး ဆွေးနွေး

2026.04.02Zaymy Official70

တောင်ကိုရီးယား ကုန်သွယ်ရေးဝန်ကြီး ယို ဟန်ကူ (Yeo Han-koo) သည် နိုင်ငံအတွင်း လာရောက်သည့် အမေရိကန် လွှတ်တော်အမတ်အဖွဲ့နှင့် တွေ့ဆုံပြီး ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ နှစ်ဖက်စလုံးက ကိုရီးယား-အမေရိကန် ဆက်ဆံရေးသည် လုံခြုံရေး မဟာမိတ်အဆင့်ကို ကျော်လွန်၍ စီးပွားရေးနှင့် နည်းပညာနယ်ပယ်များအထိ တိုးချဲ့လာနေကြောင်း သဘောတူခဲ့ကြသည်။

ကုန်သွယ်ရေး၊ စက်မှုနှင့် သယံဇာတဝန်ကြီးဌာန၏ ပြောကြားချက်အရ ယိုသည် ကြာသပတေးနေ့က ဆိုးလ်မြို့တွင် Congressional Study Group on Korea (CSGK) မှ အမေရိကန် လွှတ်တော်အမတ် ၆ ဦးနှင့် တွေ့ဆုံကာ ကိုရီးယားနှင့် အမေရိကန်အကြား လက်ရှိဆက်လက် ဆွေးနွေးနေသည့် ကုန်သွယ်ရေးကိစ္စရပ်များကို အပြန်အလှန် ဆွေးနွေးခဲ့သည်။ ထိုအဖွဲ့တွင် Ami Bera (D-CA), Ryan Zinke (R-MT), Mark Pocan (D-WI), Mary Gay Scanlon (D-PA), Jill Tokuda (D-HI) နှင့် Patrick Harrigan (R-NC) တို့ ပါဝင်သည်။

တွေ့ဆုံမှုအတွင်း နှစ်ဖက်က ဆိုးလ်-ဝါရှင်တန် ဆက်ဆံရေးသည် လုံခြုံရေး မိတ်ဖက်အဆင့်ထက် ပိုမိုကျယ်ပြန့်လာပြီး စီးပွားရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်မှုများအထိ ရောက်ရှိလာပြီဖြစ်ကြောင်းလည်း သဘောတူခဲ့ကြသည်။ ထို့အပြင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုနယ်ပယ်များတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုချဲ့ထွင်နိုင်မည့် နည်းလမ်းများကိုလည်း ဆွေးနွေးခဲ့ကြသည်။ ယိုကတော့ ယမန်နှစ်နှောင်းပိုင်း၌ အပြီးသတ်ခဲ့သော အကောက်ခွန်သဘောတူညီချက်ကို အကောင်အထည်ဖော်ရန် တောင်ကိုရီးယားအစိုးရက အမေရိကန်ဆိုင်ရာ အထူးရင်းနှီးမြှုပ်နှံမှု ဥပဒေကို မကြာသေးမီက အတည်ပြုခဲ့ကြောင်း ထောက်ပြပြီး CSGK အဖွဲ့၏ ပံ့ပိုးကူညီမှုကို တောင်းဆိုခဲ့ကြောင်း ဝန်ကြီးဌာနက ပြောသည်။

Leave a Comment

Your email address will not be published. Required fields are marked *