ဘူဆန်တွင် BTS ကမ္ဘာလှည့်ဖျော်ဖြေပွဲ ပထမည စတင်ချိန်နှောင့်နှေးခဲ့မှုအတွက် HYBE တောင်းပန်

ဘူဆန်မြို့တွင် BTS ၏ ကမ္ဘာလှည့်ဖျော်ဖြေပွဲ ပထမည စတင်ချိန် ၁ နာရီကျော် နောက်ကျခဲ့သည့်အတွက် အေဂျင်စီ HYBE က တရားဝင် တောင်းပန်လိုက်သည်။ ဒုတိယညတွင်လည်း ပရိသတ်ဝင်ရောက်မှုနှင့် ကွင်းတွင်း စီမံခန့်ခွဲမှုကို ပိုမိုကောင်းမွန်စွာ ဆောင်ရွက်မည်ဟု ပြောဆိုထားသည်။
HYBE က ၎င်း၏ fan platform Weverse တွင် “’Arirang’ world tour” ကို ကြည့်ရှုရန် လာရောက်ခဲ့သည့် ပရိသတ်အားလုံးကို ဖျော်ဖြေပွဲ စတင်ချိန် နောက်ကျခဲ့မှုကြောင့် ဖြစ်ပေါ်ခဲ့သည့် အခက်အခဲများအတွက် နက်နက်ရှိုင်းရှိုင်း အနူးအညွတ် တောင်းပန်ကြောင်း ကြေညာခဲ့သည်။ BTS သည် သောကြာနေ့တွင် ဘူဆန်၌ ၎င်းတို့၏ ကမ္ဘာလှည့်ဖျော်ဖြေပွဲ “Arirang” ကို စတင်ခဲ့ပြီး ဖျော်ဖြေပွဲကို ည ၇ နာရီတွင် စတင်ရန် စီစဉ်ထားသော်လည်း ပရိသတ်သောင်းချီ၏ ဝင်ရောက်မှု လုပ်ငန်းစဉ် နှောင့်နှေးခဲ့သဖြင့် ၇၅ မိနစ်ခန့် နောက်ကျကာ ည ၈ နာရီ ၁၅ မိနစ်တွင်မှ စတင်နိုင်ခဲ့သည်။