My

တောင်ကိုရီးယားတွင် AI နှင့် ဒေတာဟပ်များဖြင့် နောက်မျိုးဆက် စမတ်မြို့များ တည်ဆောက်မည်

Sci/Tech

တောင်ကိုရီးယားတွင် AI နှင့် ဒေတာဟပ်များဖြင့် နောက်မျိုးဆက် စမတ်မြို့များ တည်ဆောက်မည်

2026.06.12Zaymy Official40

တောင်ကိုရီးယား၏ ဒေသမြို့များ ရင်ဆိုင်နေရသည့် မြို့ပြအိုမင်းလာမှုနှင့် လူဦးရေကျဆင်းမှု စိန်ခေါ်မှုများကို ဖြေရှင်းရန် အစိုးရက ၂၀၂၆ စမတ်မြို့ စီမံကိန်းအတွက် နေရာအချို့ကို ရွေးချယ်လိုက်ကြောင်း သိရသည်။ အဆိုပါ စီမံကိန်းတွင် artificial intelligence (AI) နှင့် ဗဟိုချုပ်ကိုင်ထားသည့် ဒေတာကွန်ရက်များကို အခြေခံကာ မြို့ပြစနစ်များကို ပိုမိုထိရောက်စွာ လည်ပတ်စေမည်ဖြစ်သည်။

မြေယာ၊ အခြေခံအဆောက်အအုံနှင့် ပို့ဆောင်ရေးဝန်ကြီးဌာနက ဇွန် ၁၂ ရက် သောကြာနေ့တွင် ကြေညာခဲ့ရာ၊ Suwon မြို့ကို အဓိက hub-type demonstration city အဖြစ် ရွေးချယ်ခဲ့သည်။ Busan နှင့် Seongnam တို့ကိုတော့ အထူးစမတ်ဒေသများအဖြစ် သတ်မှတ်ခဲ့ပြီး South Gyeongsang Province နှင့် Taean County ကို လူထုသယ်ယူပို့ဆောင်ရေး၊ ပတ်ဝန်းကျင်အချက်အလက်နှင့် စားသုံးသူအပြုအမူများကို အချိန်နှင့်တပြေးညီ စုဆောင်း၊ သန့်စင်၊ ခွဲခြမ်းစိတ်ဖြာနိုင်မည့် data hub စမ်းသပ်စီမံကိန်းများအတွက် ရွေးချယ်ခဲ့သည်။ အဆိုပါ ဒေသအုပ်ချုပ်ရေးအဖွဲ့များအား သုံးနှစ်အတွင်း တစ်ခုလျှင် အများဆုံး ဝမ် ၁၆၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၁.၇ သန်း) အထိ တန်းတူထောက်ပံ့ရန် စီစဉ်ထားသည်။

ယခုနှစ် အစီအစဉ်သည် sensor နှင့် camera ကဲ့သို့ ရုပ်ပိုင်းဆိုင်ရာ အခြေခံအဆောက်အအုံများကိုသာ ဦးစားပေးထောက်ပံ့ခြင်း မဟုတ်ဘဲ generative AI agents နှင့် predictive algorithms များကို အသုံးပြုကာ နေ့စဉ် မြို့ပြအုပ်ချုပ်မှုကို လည်ပတ်စေမည့် software ပြုပြင်ပြောင်းလဲမှုကို ဦးတည်နေကြောင်း သိရသည်။ Suwon တွင် Hyundai Motor နှင့် Kia တို့နှင့် ပူးပေါင်းပြီး autonomous valet parking robots၊ အလုပ်သွားအလုပ်ပြန် မိဘများအတွက် on-demand car-sharing ကွန်ရက်များ၊ ရိုးရာလေဟာပြင်ဈေးများအတွင်း automated robotic deliveries များကို စတင်ရန် စီစဉ်ထားသည်။ ဒစ်ဂျစ်တယ်ကွာဟချက် လျော့နည်းစေရန် သက်ကြီးရွယ်အိုများကို automated service များ အသုံးပြုနိုင်စေရန် mobile literacy clinics များလည်း ဖွင့်လှစ်မည်ဖြစ်သည်။

Busan သည် Centum City နည်းပညာဇုန်ကို urban AI အတွက် open-source testing ground အဖြစ် ပြောင်းလဲမည်ဖြစ်ပြီး autonomous security robots များကိုလည်း အများအပြား တပ်ဆင်သွားမည်ဟု သိရသည်။ ထို့အပြင် AI-driven multiagent system ကို အသုံးပြု၍ မြို့တော်၏ traffic control နှင့် emergency control rooms များကို ပိုမိုချောမွေ့စေမည်ဖြစ်သည်။ Seongnam တွင်တော့ Seoul National University Bundang Hospital နှင့် Kakao Healthcare တို့နှင့် ပူးပေါင်းကာ အားနည်းထိခိုက်လွယ်သည့် သက်ကြီးရွယ်အိုများ၏ နေ့စဉ်လှုပ်ရှားမှုများကို AI ဖြင့် စောင့်ကြည့်မည့် ကွန်ရက်များ တည်ဆောက်သွားမည်ဖြစ်ပြီး autonomous medical shuttles နှင့် remote-controlled driving aids များကိုလည်း အသုံးပြုသွားမည်ဖြစ်သည်။

မြို့ပြများသာမက ကမ်းရိုးတန်း ကျေးလက်ဒေသများကိုလည်း ဒစ်ဂျစ်တယ် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်သွားမည်ဟု ဆိုသည်။ Taean County တွင် Taean Anshim-Hae (Safe Ocean) ဟု အမည်ပေးထားသည့် AI အခြေပြု ကမ်းရိုးတန်းလုံခြုံရေးကွန်ရက်ကို ထူထောင်မည်ဖြစ်ပြီး ပင်လယ်အခြေအနေနှင့် ရာသီဥတုဒေတာများကို ပေါင်းစပ်ကာ rip currents သို့မဟုတ် ရေထဲတွင် ကပ်ညက်နေသည့် ရေကူးသူများကဲ့သို့ အန္တရာယ်မြင့် ဖြစ်ရပ်များကို အလိုအလျောက် သတိပေးနိုင်မည်ဟု သိရသည်။

ဝန်ကြီးဌာန၏ မြို့ပြမူဝါဒဌာန ညွှန်ကြားရေးမှူး Lee Ki-bong က စမတ်မြို့စီမံကိန်းတစ်ခု၏ အောင်မြင်မှုကို ဆုံးဖြတ်ပေးမည့် အဓိကအချက်မှာ နည်းပညာ၏ တောက်ပမှု မဟုတ်ဘဲ ဒေသန္တရအစိုးရများက ရေရှည်တည်တံ့အောင် မည်မျှ တာဝန်ယူ လည်ပတ်နိုင်သလဲဆိုသည့် အချက်ဖြစ်ကြောင်း ပြောကြားသည်။ “စမတ်မြို့တစ်မြို့၏ ပြီးမြောက်မှုဆိုသည်မှာ ခမ်းနားသည့် အခြေခံအဆောက်အအုံများ ဆောက်လုပ်ပြီးစီးရုံနှင့် မပြီးဆုံးပါဘူး။ ဒေသအစိုးရတွေက ဒီစနစ်တွေကို တာဝန်ယူပြီး စနစ်တကျ လည်ပတ်နိုင်အောင် ဦးဆောင်ဆောင်ရွက်နိုင်တာက အရေးအကြီးဆုံးပါ” ဟု Lee က ပြောကြားခဲ့သည်။

Leave a Comment

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်