My

ဂျာမန်ကားစမ်းသပ်မှုတွင် Kia EV3 ပထမရ၊ ဥရောပဈေးကွက်၌ အားသာချက်ပိုမိုခိုင်မာလာ

Business

ဂျာမန်ကားစမ်းသပ်မှုတွင် Kia EV3 ပထမရ၊ ဥရောပဈေးကွက်၌ အားသာချက်ပိုမိုခိုင်မာလာ

2026.05.28Zaymy Official190

Kia ၏ compact လျှပ်စစ် SUV မော်ဒယ် EV3 သည် ဂျာမန် မော်တော်ယာဉ်မဂ္ဂဇင်း Auto Zeitung ၏ နှိုင်းယှဉ်စမ်းသပ်မှုတွင် ပထမနေရာ ရရှိခဲ့ပြီး ဥရောပ EV ဈေးကွက်တွင် Kia ၏ ယှဉ်ပြိုင်နိုင်စွမ်းကို ပိုမိုခိုင်မာစေခဲ့သည်။ စွမ်းဆောင်ရည်၊ မောင်းနှင်မှု သက်တောင့်သက်သာရှိမှုနှင့် စီးပွားရေးကျမှုတို့ကို အခြေခံ၍ စမ်းသပ်ရာတွင် EV3 က ပြိုင်ဘက်များကို ကျော်ဖြတ်နိုင်ခဲ့သည်။

Auto Zeitung က စမ်းသပ်သည့် urban crossover EV ၅ မျိုးအနက် EV3 သည် အမှတ်ပေါင်း ၃,၀၃၉ မှတ်ဖြင့် ပထမရရှိခဲ့သည်။ 58.3-kilowatt-hour စံသတ်မှတ် ဘက်ထရီ တပ်ဆင်ထားသည့် EV3 က Renault ၏ 4 E-Tech ကို ၂,၉၃၆ မှတ်ဖြင့်လည်းကောင်း၊ BYD ၏ Atto 2 ကို ၂,၉၂၈ မှတ်ဖြင့်လည်းကောင်း ကျော်ဖြတ်ခဲ့သည်။ စမ်းသပ်မှုတွင် Ford Puma Gen-E နှင့် Suzuki e Vitara တို့လည်း ပါဝင်ခဲ့သည်။ Kia သည် body, driving comfort နှင့် powertrain အပါအဝင် အမျိုးအစား ၅ ခုအနက် ၃ ခုတွင် အမြင့်ဆုံး အမှတ်ရရှိခဲ့သည်။

မဂ္ဂဇင်းက EV3 ၏ လက်တွေ့မောင်းနှင်နိုင်သည့် အကွာအဝေး ၃၃၅ ကီလိုမီတာကို အထူးကောင်းမွန်သည်ဟု ချီးကျူးခဲ့ပြီး ယှဉ်ပြိုင်သည့် မော်ဒယ်များအနက် အဝေးဆုံး သွားနိုင်ခဲ့သည်ဟုလည်း ဆိုသည်။ ထို့အပြင် အရှိန်တင်နိုင်စွမ်း၊ လမ်းညွှန်တုံ့ပြန်မှု ကောင်းမွန်မှုနှင့် စတီယာရင်ဘီးပေါ်ရှိ paddle shifters ဖြင့် ထိန်းချုပ်နိုင်သည့် regenerative braking system ကိုလည်း အသိအမှတ်ပြု ချီးကူးခဲ့သည်။ Body အပိုင်းတွင် ခေါင်းပေါ်နေရာ ကျယ်ဝန်းမှု၊ ပြတင်းပေါက်များ ကြီးမားမှုနှင့် နောက်ခန်း ကြမ်းပြင်ပြားပြားလေး ရှိမှုတို့ကြောင့် အတွင်းခန်းကို lounge တစ်ခုကဲ့သို့ ခံစားရစေသည်ဟု သုံးသပ်ခဲ့သည်။ Driving comfort အတွက်လည်း ချောမွေ့သည့် suspension စနစ်နှင့် ထောက်ပံ့မှုကောင်းသော ထိုင်ခုံများကြောင့် ဂျာမန်လမ်းခရီးကြမ်းများပေါ်တွင်ပါ ကောင်းမွန်စွာ အလုပ်လုပ်နိုင်ခဲ့ကြောင်း ဖော်ပြခဲ့သည်။ Kia အရာရှိတစ်ဦးက ယင်းရလဒ်သည် အပြိုင်အဆိုင် ပြင်းထန်သည့် EV segment တွင် EV3 သည် စွမ်းအင်သက်သာမှုနှင့် သက်တောင့်သက်သာ မောင်းနှင်နိုင်မှု နှစ်ရပ်လုံးကို ပြသနိုင်ကြောင်း ထင်ရှားစေသည်ဟု ပြောကြားသည်။ Kia ကလည်း ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်များတွင် လျှပ်စစ်မော်တော်ယာဉ် အခြေပြု မဟာဗျူဟာကို ဆက်လက် အားဖြည့်သွားမည်ဟု ထုတ်ပြန်ထားသည်။ EV3 သည် 2025 World Car of the Year ဆုနှင့် ဗြိတိန်၊ ဖင်လန်၊ ဒိန်းမတ်တို့၏ car-of-the-year ဆုများကိုလည်း ရရှိထားပြီး ဖြစ်သည်။

Leave a Comment

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်