Search for similar products on 1688 ❯

My

KRX က လွန်ခဲ့သည့် ၁ နှစ်အတွင်း သံသယရှိသော တရားမဝင် short-selling အမှု ၇၆ မှု ဖော်ထုတ်

တောင်ကိုရီးယား စတော့ဈေးကွက်ကို ကြီးကြပ်သည့် Korea Exchange (KRX) က အချိန်နှင့်တပြေးညီ စောင့်ကြည့်စနစ်ကို စတင်အသုံးပြုပြီးနောက် လွန်ခဲ့သည့် ၁ နှစ်အတွင်း သံသယရှိသော တရားမဝင် short-selling အမှု ၇၆ မှုကို ဖော်ထုတ်တွေ့ရှိခဲ့ပြီး သက်ဆိုင်ရာ အာဏာပိုင်များထံ စုံစမ်းစစ်ဆေးရန် လွှဲပြောင်းပေးခဲ့ကြောင်း တနင်္လာနေ့တွင် ထုတ်ပြန်သည်။

KRX ၏ naked short selling detection system (NSDS) မှတစ်ဆင့် အဆိုပါအမှုများကို ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်ပြီး ယင်းစနစ်ကို ယမန်နှစ် မတ်လ ၃၁ ရက်က ပြန်လည်ခွင့်ပြုခဲ့သည့် ပြည်တွင်း short selling ဈေးကွက်နှင့်အတူ စတင်အသုံးပြုခဲ့ခြင်းဖြစ်သည်။ တွေ့ရှိခဲ့သည့် အမှုများအနက် ၆၈.၄ ရာခိုင်နှုန်းမှာ တစ်မှုလျှင် ဝမ် သန်း ၁၀၀ အောက် တန်ဖိုးရှိသည့် အမှုများဖြစ်ကြောင်း KRX က ဆိုသည်။

NSDS အောက်တွင် နေ့စဉ် ပျမ်းမျှ short-selling လုပ်ငန်းဆောင်ရွက်မှု ၁၅ သန်းခန့်ကို စောင့်ကြည့်နေကြောင်း KRX က ပြောသည်။ လွန်ခဲ့သည့် ၁ နှစ်အတွင်း ပြီးခဲ့သည့် သောကြာနေ့အထိ short-selling လုပ်ငန်းစုစုပေါင်း တန်ဖိုးမှာ ဝမ် ၂၈၉.၃ ထရီလီယံရှိခဲ့ပြီး ယင်းအနက် ၉၁.၃ ရာခိုင်နှုန်း သို့မဟုတ် ဝမ် ၂၆၄.၂ ထရီလီယံသည် NSDS တွင် ပါဝင်သည့် ဘဏ္ဍာရေးအဖွဲ့အစည်း ၂၄ ခုနှင့် ဆက်နွယ်နေကြောင်း KRX က ထပ်မံပြောကြားသည်။

ထို့အပြင် ဖေဖော်ဝါရီလတွင် နေ့စဉ်ပျမ်းမျှ short-selling တန်ဖိုးမှာ ဝမ် ၁၇၀ ဘီလီယံခန့်သာ ရှိခဲ့ရာမှ ယခုလတွင် ဝမ် ၂၄၀ ဘီလီယံခန့်အထိ မြင့်တက်လာခဲ့ကြောင်း KRX ၏ အချက်အလက်များက ဖော်ပြသည်။ အရှေ့အလယ်ပိုင်းဒေသတွင် ဆက်လက်ဖြစ်ပွားနေသည့် ပဋိပက္ခ၏ သက်ရောက်မှုကြောင့် ယခုလအတွင်း ကိုရီးယား၏ အဓိက စံညွှန်းအညွှန်းကိန်း KOSPI သည် တစ်ရက်တည်းတွင် ၁၂ ရာခိုင်နှုန်းကျော် ထိုးကျခဲ့ပြီးနောက် ပြန်လည်တက်လာကာ အလှုပ်အခတ် ပြင်းထန်ခဲ့သည်။

Leave a Comment

Your email address will not be published. Required fields are marked *