My

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ် ဂျုံအွန် ပြည်ပစစ်ဆင်ရေး စစ်မြေပြင်အောင်မြင်မှု မှတ်တမ်းပြတိုက် သွားရောက်ကြည့်ရှု

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ် ဂျုံအွန်သည် ရုရှား-ယူကရိန်းစစ်ပွဲအတွင်း ရုရှားကို ကူညီတိုက်ပွဲဝင်ရင်း ကျဆုံးခဲ့သည့် မြောက်ကိုရီးယားစစ်သည်များကို ဂုဏ်ပြုရန် တည်ဆောက်နေသော “ပြည်ပစစ်ဆင်ရေး စစ်မြေပြင်အောင်မြင်မှု မှတ်တမ်းပြတိုက်” သို့ သွားရောက်ကြည့်ရှုပြီး “မြေပြင်လမ်းညွှန်” ပေးခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက သောကြာနေ့တွင် ဖော်ပြသည်။

ကိုရီးယားဗဟိုသတင်းအေဂျင်စီ (KCNA) ၏ ဖော်ပြချက်အရ ပျိုယန်ယန်မြို့ရှိ အဆိုပါ အမှတ်တရပြတိုက်၏ ဆောက်လုပ်ရေးလုပ်ငန်းမှာ ၉၇ ရာခိုင်နှုန်း ပြီးစီးနေပြီး ဧပြီလအလယ်ပိုင်းတွင် ဖွင့်လှစ်မည်ဟု ကင်မ်က ပြောကြားခဲ့သည်။ “ဤပြတိုက်သည် ဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ ကိုရီးယား (DPRK) ၏ ဂုဏ်ယူဖွယ် သားများ၏ ကြီးမြတ်သော သူရဲကောင်းစိတ်ဓာတ်ကို ချီးကျူးဂုဏ်ပြုမည့် ခေတ်အမှတ်အသားတစ်ခု ဖြစ်လာမည်ဖြစ်ပြီး နိုင်ငံချစ်စိတ် ပညာပေးရာနေရာလည်း ဖြစ်လာမည်” ဟု KCNA က ကင်မ်၏ ပြောဆိုချက်ကို ကိုးကားဖော်ပြခဲ့သည်။

ကင်မ်က ထိုပြတိုက် ဖွင့်ပွဲနှင့်အတူ ကျဆုံးစစ်သည်များ၏ ရုပ်ကြွင်းများကို မြှုပ်နှံသင်္ဂြိုဟ်မည့် အခမ်းအနားကိုလည်း ဧပြီလအလယ်ပိုင်းတွင် ကျင်းပမည်ဖြစ်ပြီး ယင်းအခမ်းအနားသည် “Kursk ကို လွတ်မြောက်စေသည့် စစ်ဆင်ရေး” ပြီးဆုံးခဲ့သည့် ပထမနှစ်ပတ်လည်နေ့ကို အမှတ်ရစေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Leave a Comment

Your email address will not be published. Required fields are marked *