Search for similar products on 1688 ❯

My

KRX နှင့် Hang Seng Indexes Company တို့ နယ်စပ်ဖြတ်ကျော် အညွှန်းကိန်း ၄ ခု မိတ်ဆက်

ကိုရီးယားစတော့အိတ်ချိန်း (KRX) သည် ဟောင်ကောင်အခြေစိုက် Hang Seng Indexes Company Ltd. (HSIL) နှင့် ပူးပေါင်းကာ ကိုရီးယားနှင့် ဟောင်ကောင်ဈေးကွက်နှစ်ခုအကြား ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို တိုးချဲ့ပေးမည့် နယ်စပ်ဖြတ်ကျော် စတော့အညွှန်းကိန်း ၄ ခုကို မတ် ၃၁ ရက်တွင် စတင်မိတ်ဆက်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

မိတ်ဆက်လိုက်သည့် အညွှန်းကိန်းများတွင် နိုင်ငံနှစ်နိုင်ငံ၏ အဓိကအညွှန်းကိန်းများကို ပေါင်းစပ်ထားသည့် တစ်ခုနှင့် semiconductor၊ IT နှင့် biotechnology ကဏ္ဍများကို အခြေခံထားသည့် thematic index သုံးခု ပါဝင်သည်။ အဆိုပါ အညွှန်းကိန်းများ၏ အလေးချိန်ကို ဟောင်ကောင်ပိုင်ဆိုင်မှု ၆၅ ရာခိုင်နှုန်း၊ တောင်ကိုရီးယားပိုင်ဆိုင်မှု ၃၅ ရာခိုင်နှုန်းအဖြစ် သတ်မှတ်ထားကြောင်း KRX က ပြောကြားသည်။

KRX ၏ အဆိုအရ အဆိုပါ အညွှန်းကိန်းများသည် ရင်းနှီးမြှုပ်နှံသူများအား နိုင်ငံနှစ်နိုင်ငံ၏ ပိုမိုကျယ်ပြန့်သည့် စတော့ဈေးကွက်အပေါ် ထိတွေ့ခွင့် (exposure) ရရှိစေရန် ရည်ရွယ်ထားသည်။ မနှစ်က တောင်ကိုရီးယားနှင့် ဟောင်ကောင်၏ အဓိက benchmark အညွှန်းကိန်းများသည် အသီးသီး ၇၅ ရာခိုင်နှုန်းကျော်နှင့် ၂၇ ရာခိုင်နှုန်း တက်ခဲ့သဖြင့် နှစ်ဈေးကွက်စလုံးအပေါ် ရင်းနှီးမြှုပ်နှံသူ စိတ်ဝင်စားမှု ဆက်လက်မြင့်မားနေသည့်အချိန်တွင် ယခု ပူးပေါင်းမှု ပေါ်ထွက်လာခြင်းဖြစ်သည်။ KRX က HSIL နှင့် ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်တိုးချဲ့ကာ ရင်းနှီးမြှုပ်နှံသူလိုအပ်ချက် မြင့်တက်နေသည့် နယ်ပယ်များတွင် နောက်ထပ် thematic index များကိုလည်း မိတ်ဆက်သွားမည်ဟု ထပ်လောင်းပြောကြားခဲ့သည်။

Leave a Comment

Your email address will not be published. Required fields are marked *