My

အင်ဒိုနီးရှား အခမဲ့စားနပ်ရိက္ခာ ဖြန့်ဝေမှုလျှော့ချကာ ဒေါ်လာ ၂.၃ ဘီလီယံ ချွေတာရန် မျှော်လင့်

အင်ဒိုနီးရှားအစိုးရသည် အခမဲ့စားနပ်ရိက္ခာ အစီအစဉ်ကို လျှော့ချခြင်းအားဖြင့် ရူပီယာ ၄၀ ထရီလျံ၊ အမေရိကန်ဒေါ်လာ ၂.၃ ဘီလီယံခန့် ချွေတာနိုင်ရန် မျှော်လင့်နေကြောင်း သိရသည်။ ယင်းသည် အရှေ့အလယ်ပိုင်း စစ်ပွဲကြောင့် ဖြစ်ပေါ်လာသည့် ဈေးနှုန်းဖိအားများကို တုံ့ပြန်သည့် ပထမဆုံး စည်းကမ်းတင်းကြပ်မှုလည်း ဖြစ်သည်။

AFP သတင်းဌာနသို့ National Nutrition Agency ဒုတိယအကြီးအကဲ နန်နစ် ဆူဒါယာတီ ဒေယန်က ပြောကြားချက်အရ ကျောင်းသားများအတွက် အဓိက ရည်ရွယ်ထားသည့် အခမဲ့စားနပ်ရိက္ခာများကို မတ် ၃၁ ရက်မှစတင်၍ တစ်ပတ်လျှင် ၆ ရက်အစား ၅ ရက်သာ ဖြန့်ဝေသွားမည်ဖြစ်သည်။ ထိုသို့ လျှော့ချမှုကြောင့် ရူပီယာ ၄၀ ထရီလျံခန့် ချွေတာနိုင်မည်ဟု ခန့်မှန်းထားကြောင်းလည်း ၎င်းက ဆိုသည်။

Leave a Comment

Your email address will not be published. Required fields are marked *