My

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ် ဂျုံအွန် ပြုံယမ်းတွင် ဘီလာရုစ်သမ္မတ လူကာရှင်ကိုကို ကြိုဆို

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ် ဂျုံအွန်သည် ဘီလာရုစ်သမ္မတ အလက်ဇန်းဒါး လူကာရှင်ကိုကို ပြုံယမ်းမြို့တွင် ကြိုဆိုခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာ KCNA က ကြာသပတေးနေ့တွင် ဖော်ပြသည်။ ယင်းမှာ လူကာရှင်ကို၏ မြောက်ကိုရီးယားနိုင်ငံသို့ ပထမဆုံး တရားဝင်ခရီးစဉ်လည်း ဖြစ်သည်။

KCNA ၏ ဖော်ပြချက်အရ လူကာရှင်ကိုအား ကြိုဆိုသည့် အခမ်းအနားကို ဗုဒ္ဓဟူးနေ့တွင် ပြုံယမ်းမြို့ရှိ ကင်အီလ်ဆွန်းရင်ပြင်၌ ကျင်းပခဲ့ပြီး၊ ၎င်းသည် မြောက်ကိုရီးယားခေါင်းဆောင်၏ ဖိတ်ကြားချက်အရ နှစ်ရက်ကြာ တရားဝင်ခရီးစဉ်အတွက် ပြုံယမ်းသို့ ရောက်ရှိလာခြင်း ဖြစ်သည်။ မြောက်ကိုရီးယားနှင့် ဘီလာရုစ် နှစ်နိုင်ငံစလုံးက ယူကရိန်းအပေါ် ရုရှား၏ ကျူးကျော်စစ်ကို ထောက်ခံထားပြီး၊ ပြုံယမ်းက တပ်ဖွဲ့ဝင်များနှင့် လက်နက်များ ပေးပို့ခဲ့သကဲ့သို့ မင့်စ်ခ်ကလည်း မော်စကိုအား စစ်ဆင်ရေးအတွက် နယ်မြေ အသုံးပြုခွင့် ပေးထားသည်။ KCNA က ကင်မ်သည် လူကာရှင်ကိုကို “ဝမ်းမြောက်စွာ” တွေ့ဆုံခဲ့ပြီး “နွေးထွေးစွာ” ကြိုဆိုခဲ့ကြောင်းလည်း ရေးသားဖော်ပြသည်။ ယခုသီတင်းပတ် ဆွေးနွေးပွဲများအတွင်း နှစ်ဘက်အနေဖြင့် နယ်ပယ်အမျိုးမျိုး၌ ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ဆွေးနွေးရန် မျှော်လင့်ရသည်။

Leave a Comment

Your email address will not be published. Required fields are marked *