Search for similar products on 1688 ❯

My

ကင်ဂျုံအန်က ဘီလာရုစ်သမ္မတ လုကာရှန်ကိုကို ပြုံယမ်းမြို့တွင် ကြိုဆို

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်သည် ဘီလာရုစ်သမ္မတ အလက်ဇန်ဒါ လုကာရှန်ကိုကို ပြုံယမ်းမြို့တွင် ကြိုဆိုခဲ့ကြောင်း မြောက်ကိုရီးယားအစိုးရပိုင် မီဒီယာ KCNA က မတ် ၂၆ ရက်တွင် ဖော်ပြခဲ့သည်။ ယင်းမှာ လုကာရှန်ကို၏ မြောက်ကိုရီးယားသို့ ပထမဆုံး တရားဝင်ခရီးစဉ်လည်း ဖြစ်သည်။

KCNA ၏ ဖော်ပြချက်အရ လုကာရှန်ကိုသည် ဗုဒ္ဓဟူးနေ့တွင် ပြုံယမ်းမြို့သို့ ရောက်ရှိလာခဲ့ပြီး ကင်ဂျုံအီလ်ရင်ပြင်၌ ကြိုဆိုရေးအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ ခရီးစဉ်သည် မြောက်ကိုရီးယားခေါင်းဆောင်၏ ဖိတ်ကြားချက်အရ နှစ်ရက်ကြာ တရားဝင်ခရီးစဉ်အဖြစ် သတ်မှတ်ထားပြီး ယခုသီတင်းပတ်အတွင်း ဆွေးနွေးပွဲများ၌ နှစ်နိုင်ငံအကြား နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ဆွေးနွေးမည်ဟု မျှော်လင့်ရသည်။

မြောက်ကိုရီးယားနှင့် ဘီလာရုစ်တို့သည် ယူကရိန်းကို ကျူးကျော်နေသည့် ရုရှားကို ထောက်ခံနေကြသည့် နိုင်ငံများဖြစ်ပြီး ပြုံယမ်းက တပ်ဖွဲ့ဝင်များနှင့် လက်နက်များ ပံ့ပိုးထားသကဲ့သို့ မင်စ့်ခ်ကလည်း မော်စကိုအနေဖြင့် စစ်ရေးလုပ်ငန်းစဉ်များအတွက် ၎င်း၏နယ်မြေကို အသုံးပြုခွင့်ပေးထားကြောင်း သတင်းတွင် ဖော်ပြထားသည်။ KCNA က ကင်ဂျုံအန်သည် လုကာရှန်ကိုနှင့် ဝမ်းမြောက်စွာ တွေ့ဆုံခဲ့ပြီး ၎င်း၏ မြောက်ကိုရီးယားခရီးစဉ်ကို နွေးထွေးစွာ ကြိုဆိုခဲ့ကြောင်းလည်း ဆိုသည်။

Leave a Comment

Your email address will not be published. Required fields are marked *