My

ဗာဆိုင်းနန်းတော်တွင် အီရန်နှင့် သဘောတူညီချက် လက်မှတ်ရေးထိုးရန် ထရမ့် ဆုံးဖြတ်

Policies

ဗာဆိုင်းနန်းတော်တွင် အီရန်နှင့် သဘောတူညီချက် လက်မှတ်ရေးထိုးရန် ထရမ့် ဆုံးဖြတ်

2026.06.19Zaymy Official130

ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က ဗာဆိုင်းနန်းတော်၌ ခမ်းနားသည့် ညစာစားပွဲ တစ်ခု စီစဉ်ပေးထားစဉ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် အကြိုသဘောတူညီချက်တစ်ရပ်ကို နန်းတော်အတွင်း လက်မှတ်ရေးထိုးလိုက်ကြောင်း သိရသည်။ G7 ထိပ်သီးအစည်းအဝေးအတွင်း သံတမန်ရေး ဆွေးနွေးမှုများ တင်းမာနေသည့် သုံးရက်တာကာလအပြီး ယင်းသဘောတူညီချက်ကို အံ့အားသင့်ဖွယ် လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။

ပါရီ — ထရမ့်သည် ဗုဒ္ဓဟူးနေ့တွင် ပြင်သစ်နိုင်ငံမှ ပြန်လည်ထွက်ခွာချိန် သတင်းထောက်များကို “We signed in Versailles” ဟု ကားပေါ်တက်စဉ် ပြောကြားခဲ့သည်။ X လူမှုကွန်ရက်တွင် မက်ခရွန်နှင့် အိမ်ဖြူတော်အရာရှိတစ်ဦး တင်ထားသည့် ရုပ်သံများအရ ထရမ့်သည် စားပွဲတစ်လုံး၌ ထိုင်ကာ သဘောတူညီချက်၏ စာရွက်မိတ္တူကို လက်မှတ်ရေးထိုးနေသည်ကို တွေ့ရပြီးနောက် စာရွက်နှင့် ဘောပင်ကို နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုထံ လွှဲပြောင်းပေးခဲ့သည်။ ထိုအချိန် မက်ခရွန်က ထရမ့်၏ ဘေးတွင် ထိုင်လျက် “Good job. Bravo.” ဟု ချီးကျူးခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် တက်ရောက်သူများနှင့် အရာရှိများက လက်ခုပ်တီး အားပေးခဲ့ကြသည်။ အခမ်းအနားသို့ တက်ရောက်ခဲ့သူတစ်ဦးဖြစ်သည့် ပြင်သစ်ဘဏ္ဍာရေးဝန်ကြီး Roland Lescure က ယင်းသဘောတူညီချက်ကို ညစာစားပွဲအတွင်း လက်မှတ်ရေးထိုးသွားမည် ဖြစ်ကြောင်း ကြိုတင်မသိခဲ့ကြောင်း ကြာသပတေးနေ့တွင် ပြောဆိုသည်။ အမေရိကန်အိမ်ဖြူတော်ကမူ မူလက သောကြာနေ့ ဆွစ်ဇာလန်၌ လက်မှတ်ရေးထိုးပွဲ ကျင်းပရန် စီစဉ်ထားခဲ့သည်ဟု ဆိုသည်။

“Marco Rubio အပြင်ထွက်သွားတာကို ကျွန်တော်တို့ တိုက်ရိုက်မြင်လိုက်ရတယ်။ သူ memo of agreement ကို ပုံနှိပ်ပြီးသားလား၊ ပုံနှိပ်ဖို့ သွားတာလားတော့ မသိဘူး။ ပြန်လာခဲ့တယ်” ဟု Lescure က ပြောသည်။ “ကျွန်တော်တို့ ပန်းကန်တွေကိုတောင် ဖယ်ရှားလိုက်ရတယ်” ဟုလည်း ဆက်ပြောသည်။

မက်ခရွန်က ထိုသဘောတူညီချက် လက်မှတ်ရေးထိုးမည့်အကြောင်း ကြိုတင်သိထားသလားဟု မေးမြန်းရာတွင် Lescure က ထရမ့်သည် သမ္မတ မက်ခရွန်အား မကြာမီကပင် အသိပေးခဲ့နိုင်ကြောင်း ပြောသည်။ အကြောင်းမှာ နှစ်ဦးစလုံး အတူတကွ ရောက်ရှိလာခဲ့ခြင်းကြောင့်ဖြစ်သည်ဟု ဆိုသည်။ “မည်သို့ပင်ဖြစ်စေ ပြင်သစ်အစိုးရဝန်ကြီးများအတွက်တော့ ဒါဟာ အံ့အားသင့်စရာပါပဲ” ဟု သူက ပြောသည်။

ပြင်သစ်အရာရှိတစ်ဦးကလည်း မာကို ရူဘီယိုနှင့် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Jean-Noël Barrot တို့က သဘောတူညီချက်မှတ်တမ်း (memorandum of understanding) ကို အတူတကွ ပြန်လည်စိစစ်ပြီးနောက် ထရမ့်ထံ သွားရောက်ကာ လက်မှတ်ရေးထိုးရန် တင်ပြခဲ့ကြောင်း ပြောသည်။ ထိုအရာရှိမှာ မီဒီယာများအား အသေးစိတ်ပြောဆိုခွင့် မရရှိသဖြင့် အမည်မဖော်လိုကြောင်း ဆိုသည်။

Leave a Comment

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်