My

အီရန်နဲ့ သဘောတူညီမှုရဖို့ ဆွေးနွေးနေသော်လည်း အမေရိကန် မကျေနပ်သေးဟု ထရမ့် ပြော

Policies

အီရန်နဲ့ သဘောတူညီမှုရဖို့ ဆွေးနွေးနေသော်လည်း အမေရိကန် မကျေနပ်သေးဟု ထရမ့် ပြော

2026.05.28Zaymy Official200

အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်က အီရန်သည် သဘောတူညီချက်တစ်ရပ် ရရှိရန် “အလွန်တရာ ဆန္ဒရှိနေသည်” ဟု ပြောကြားခဲ့သော်လည်း အမေရိကန်အစိုးရအနေဖြင့် လက်ရှိအခြေအနေအပေါ် “မကျေနပ်သေး” ကြောင်း မေ ၂၈ ရက်က ပြောဆိုခဲ့သည်။

ဝါရှင်တန်မြို့တော်ရှိ အိမ်ဖြူတော်တွင်ပြုလုပ်သည့် ကက်ဘီနက်အစည်းအဝေး၌ ထရမ့်က ထိုသို့ မှတ်ချက်ပြုခဲ့ခြင်းဖြစ်ပြီး အမေရိကန်နှင့် တီဟီရန်တို့သည် အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးရေး၊ ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ရေးနှင့် အီရန်၏ နျူကလီးယားအစီအစဉ်ဆိုင်ရာ ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်ရေးတို့ကို ရည်ရွယ်သည့် ငြိမ်းချမ်းရေးမူဘောင်အပေါ် ကွာဟချက်များကို ကျဉ်းမြောင်းအောင် ကြိုးပမ်းနေချိန်လည်း ဖြစ်သည်။ ထရမ့်က “အီရန်က အတော်လေး သဘောတူချင်နေတယ်။ သဘောတူညီချက်တစ်ခု ရချင်တဲ့ ဆန္ဒလည်း အလွန်ပြင်းထန်တယ်။ ဒါပေမယ့် အခုထိ မရသေးဘူး” ဟု ပြောကြားပြီး “ကျွန်တော်တို့ မကျေနပ်သေးပေမယ့် နောက်ဆုံးမှာတော့ ကျေနပ်ရမယ်။ မဟုတ်ရင်တော့ အလုပ်ကို အပြီးသတ်ရလိမ့်မယ်” ဟု ထပ်လောင်းဆိုသည်။

ထို့ပြင် အီရန်သည် လက်ရှိတွင် အားနည်းသည့်အနေအထားမှ ဆွေးနွေးနေကြောင်း ထရမ့်က ထပ်မံပြောကြားခဲ့သည်။ “ကျွန်တော် အကြိမ် ၁,၀၀၀ လောက် ပြောထားခဲ့သလိုပဲ သူတို့ရဲ့ ရေတပ် မရှိတော့ဘူး။ လေတပ်လည်း မရှိတော့ဘူး။ အားလုံး မရှိတော့ဘူး။ သူတို့က လေထဲက ကျန်နေတဲ့ လောင်စာနဲ့ပဲ ဆွေးနွေးနေရတာ” ဟု သူက ဆိုပြီး “ဘာတွေ ဖြစ်လာမလဲ စောင့်ကြည့်ရမယ်။ ပြန်သွားပြီး အပြီးသတ်ဖို့ လိုလာနိုင်တယ်။ လိုမလိုတော့ မသေချာသေးဘူး” ဟု ပြောကြားခဲ့သည်။

Leave a Comment

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်