Search for similar products on 1688 ❯

My

အီစတာနေ့တွင် ပုပ်ရဟန်းမင်းကြီး လီယိုက ကမ္ဘာ့ခေါင်းဆောင်များကို စစ်ပွဲများရပ်တန့်ရန်၊ အနိုင်ယူလိုသောစိတ်စွဲများကို စွန့်လွှတ်ရန် တိုက်တွန်း

အီစတာနေ့တော်အခမ်းအနားအတွင်း ပုပ်ရဟန်းမင်းကြီး လီယို ၁၄ သည် ကမ္ဘာ့ခေါင်းဆောင်များအား စစ်ပွဲများကို အဆုံးသတ်ပြီး အာဏာ၊ သိမ်းပိုက်မှုနှင့် လွှမ်းမိုးမှုကို ရှာဖွေသည့် စီမံကိန်းများကို စွန့်လွှတ်ရန် တိုက်တွန်းခဲ့သည်။ လူသားများသည် အကြမ်းဖက်မှုကို အကျင့်သဘာဝတစ်ခုလို လက်ခံနေကြကြောင်းလည်း ၎င်းက သတိပေးပြောကြားခဲ့သည်။

ဗာတီကန်မြို့ စိန့်ပီတာရင်ပြင်တွင် တနင်္ဂနွေနေ့က ပြုလုပ်သည့် “Urbi et Orbi” ကောင်းချီးမင်္ဂလာ သတင်းစကား၌ ပုပ်ရဟန်းမင်းကြီးက “လက်နက်ကိုင်ဆောင်ထားသူများ လက်နက်ချထားကြပါစေ”၊ “စစ်ကို စတင်နိုင်သည့် အာဏာရှိသူများ ငြိမ်းချမ်းရေးကို ရွေးချယ်ကြပါစေ” ဟု တိုက်ရိုက် တောင်းဆိုခဲ့သည်။ အမေရိကန်နိုင်ငံသား ပုပ်ရဟန်းမင်းကြီးအဖြစ် ပထမဆုံးဖြစ်လာသူ လီယိုသည် မည်သည့်ပဋိပက္ခကိုမျှ အတိအကျ ဖော်ပြခဲ့ခြင်းမရှိသော်လည်း ၎င်း၏ မက်ဆေ့ချ်မှာ ပုံမှန်ထက် ပိုမိုတိုတောင်းပြီး ရှင်းလင်းပြတ်သားခဲ့သည်။

ပုပ်ရဟန်းမင်းကြီးက ယေရှုခရစ်သည် လက်ဝါးကပ်တိုင်ပေါ်တွင် အရိုက်ခံခဲ့ရသော်လည်း တုံ့ပြန်ခြင်းမရှိခဲ့သည့် အီစတာ၏ ဇာတ်ကြောင်းက ခရစ်တော်သည် “လုံးဝ အကြမ်းမဖက်သူ” ဖြစ်ကြောင်း ဖော်ပြနေသည်ဟု ဆိုသည်။ “ဒီပွဲတော်နေ့မှာ ပဋိပက္ခ၊ လွှမ်းမိုးလိုစိတ်နှင့် အာဏာလိုချင်မှုအားလုံးကို စွန့်လွှတ်ပြီး စစ်ဒဏ်ခံနေရသော ကမ္ဘာအတွက် ဘုရားသခင်၏ ငြိမ်းချမ်းရေးကို ပေးသနားရန် ဆုတောင်းကြပါစို့” ဟုလည်း တိုက်တွန်းခဲ့သည်။ ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင်း ၎င်းက ကမ္ဘာတစ်ဝန်း ပဋိပက္ခများကို ပြင်းပြင်းထန်ထန် ဝေဖန်လာခဲ့ပြီး အီရန်စစ်ပွဲအပေါ် ၎င်း၏ ပြတ်သားသော သဘောထားကိုလည်း ပိုမိုထုတ်ဖော်လာခဲ့သည်။

စနေနေ့ညက ပြုလုပ်သည့် Easter vigil တရားပွဲတွင်လည်း ကမ္ဘာတစ်ဝန်းရှိ ပဋိပက္ခအခြေအနေများကြားမှ မမောပန်းဘဲ ငြိမ်းချမ်းရေးအတွက် ဆက်လက်ကြိုးပမ်းရန် ပြောကြားခဲ့သည်။ ထို့အပြင် အင်္ဂါနေ့က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ထံ သီးသန့်တိုက်ရိုက် တောင်းဆိုမှုတစ်ရပ် ပြုလုပ်ကာ အီရန်စစ်ပွဲကို အဆုံးသတ်ရန် “ထွက်ပေါက်” (off-ramp) ရှာဖွေရန် တိုက်တွန်းခဲ့သည်။ တနင်္ဂနွေနေ့တွင် စိန့်ပီတာဘက်စီလီကာ၏ အပေါ်ဘက်လသာဆောင်မှ လူအုပ်အား မိန့်ခွန်းပြောကြားရာ၌ လီယိုက လက်တင်၊ အာရဗီနှင့် တရုတ်ဘာသာအပါအဝင် ဘာသာစကား ၁၀ မျိုးဖြင့် အီစတာနှုတ်ဆက်စကားများကို တိုတိုတောင်းတောင်း ပြောကြားခဲ့ပြီး ဧပြီ ၁၁ ရက်တွင် စိန့်ပီတာဘက်စီလီကာ၌ ငြိမ်းချမ်းရေးအတွက် ဆုတောင်းဝတ်ပြုမှုတစ်ရပ်ကို ဦးဆောင်မည်ဟုလည်း ကြေညာခဲ့သည်။

Leave a Comment

Your email address will not be published. Required fields are marked *