My

မြောက်ကိုရီးယား KCNA နှင့် ရုရှား TASS တို့ မီဒီယာပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် ချုပ်ဆို

မြောက်ကိုရီးယား၏ နိုင်ငံပိုင်သတင်းဌာန KCNA နှင့် ရုရှားနိုင်ငံပိုင် TASS သတင်းဌာနတို့သည် မီဒီယာပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်တစ်ရပ်ကို ချုပ်ဆိုခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာက တနင်္ဂနွေနေ့တွင် ဖော်ပြခဲ့သည်။ ယင်းမှာ ပြုံယမ်းနှင့် မော်စကိုအကြား ဆက်ဆံရေး ပိုမိုနီးကပ်လာနေသည့် နောက်ဆုံးလက္ခဏာတစ်ရပ်လည်း ဖြစ်သည်။

KCNA ၏ ဖော်ပြချက်အရ သတင်းဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ်ကို ယမန်နေ့က လက်မှတ်ရေးထိုးခဲ့ပြီး အခမ်းအနားသို့ KCNA ဥက္ကဋ္ဌ ကင်ဖွမ်ဟို (Kim Pyong-ho) နှင့် TASS အထွေထွေညွှန်ကြားရေးမှူး အန်ဒရေး ကွန်ဒရက်ရှော့ဖ် (Andrey Kondrashov) တက်ရောက်ခဲ့ကြသည်။ ကွန်ဒရက်ရှော့ဖ် ဦးဆောင်သည့် ရုရှားကိုယ်စားလှယ်အဖွဲ့သည် လက်မှတ်ရေးထိုးပွဲအတွက် စနေနေ့က ပြုံယမ်းမြို့သို့ ရောက်ရှိလာခဲ့ကြောင်းလည်း KCNA က ဆိုသည်။

အဆိုပါ သဘောတူစာချုပ်သည် ၂၀၂၄ ခုနှစ်တွင် အပြန်အလှန် ကာကွယ်ရေးစာချုပ် ချုပ်ဆိုပြီးနောက် မြောက်ကိုရီးယားနှင့် ရုရှားတို့အကြား စစ်ရေး၊ နိုင်ငံရေးအပါအဝင် နယ်ပယ်အသီးသီး၌ ပူးပေါင်းဆောင်ရွက်မှု ပိုမိုကျယ်ပြန့်လာနေကြောင်း ထပ်မံပြသသည့် အထောက်အထားတစ်ရပ်လည်း ဖြစ်သည်။

Leave a Comment

Your email address will not be published. Required fields are marked *