Search for similar products on 1688 ❯

My

မြောက်ကိုရီးယားနယ်စပ်အနီးတွင် အမေရိကန် မရိန်းတပ်ဖွဲ့များ ပစ်ခတ်လေ့ကျင့်မှု ပြုလုပ်

ဂျပန်နိုင်ငံ အိုကီနာဝါအခြေစိုက် အမေရိကန် မရိန်းတပ်ဖွဲ့ဝင်များသည် ကိုရီးယားနှစ်နိုင်ငံ နယ်စပ်အနီးရှိ ပစ်ခတ်လေ့ကျင့်ရေးကွင်းတွင် ပူးတွဲ live-fire လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း အမေရိကန် အင်ဒို-ပစိဖိတ်ကွပ်ကဲမှုဌာနက ကြာသပတေးနေ့တွင် ထုတ်ပြန်ခဲ့သည်။ ယင်းလေ့ကျင့်မှုများသည် တပ်ဖွဲ့၏ တိုက်ခိုက်ရေးစွမ်းရည် မြှင့်တင်ရန် ရည်ရွယ်ကြောင်း သိရသည်။

အမေရိကန် မရိန်းတပ် 3rd Marine Division လက်အောက်ခံ 12th Marine Littoral Regiment မှ 12th Marine Littoral Combat Team သည် ဂျီယောင်ဂီပြည်နယ် ပိုချွန်မြို့ရှိ Rodriguez Live Fire Complex တွင် ပစ်ခတ်လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ လေ့ကျင့်မှုကို ဖေဖော်ဝါရီ ၂၆ ရက်မှ မတ် ၄ ရက်အထိ ပြုလုပ်ခဲ့ပြီး လှုပ်ရှားမှုတပ်ဖွဲ့အစိတ်အပိုင်းများနှင့် ထောက်လှမ်းရေးစွမ်းရည်များကို ပေါင်းစပ်ကာ သတ်မှတ်ထားသည့် ရည်မှန်းချက်တစ်ခုအပေါ် ညှိနှိုင်းတိုက်ခိုက်မှုများ လေ့ကျင့်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကုမ္ပဏီအဆင့် လေ့ကျင့်မှုဖြစ်သည့် ယင်းအစီအစဉ်ကြောင့် “မတည်ငြိမ်သော လေ့ကျင့်ရေးပတ်ဝန်းကျင်အတွင်း ပစ်ခတ်အားနှင့် လှုပ်ရှားမှုကို တပြိုင်တည်း ညှိနှိုင်းနိုင်သည့် စွမ်းရည်” ကို ပိုမိုတိုးတက်စေခဲ့ပြီး တိုက်ခိုက်ရေးထိရောက်မှုလည်း မြှင့်တင်နိုင်ခဲ့ကြောင်း အမေရိကန် အင်ဒို-ပစိဖိတ်ကွပ်ကဲမှုဌာနက ဆိုသည်။ အဆိုပါ ပစ်ခတ်လေ့ကျင့်မှုသည် ယခုလအစောပိုင်းတွင် အမေရိကန် မရိန်းတပ်ဖွဲ့ဝင်များ တောင်ကိုရီးယား မရိန်းတပ်ဖွဲ့များနှင့် နှစ်စဉ်ပူးတွဲစစ်ရေးလေ့ကျင့်မှုဖြစ်သည့် Korean Marine Exercise Program တွင် ပါဝင်ရန် တောင်ကိုရီးယားသို့ ရောက်ရှိချိန်နှင့်လည်း တိုက်ဆိုင်ခဲ့သည်။

Leave a Comment

Your email address will not be published. Required fields are marked *