My

ဘဏ်ကိုရီးယား၏ ဒစ်ဂျစ်တယ်ငွေကြေး စမ်းသပ်အစီအစဉ် ဒုတိယအဆင့်ကို LG CNS ဦးဆောင်မည်

LG Group ၏ IT ဝန်ဆောင်မှုလုပ်ငန်းခွဲ LG CNS သည် ဘဏ်ကိုရီးယား၏ အဖွဲ့အစည်းဆိုင်ရာ ဒစ်ဂျစ်တယ်ငွေကြေးနှင့် deposit token စမ်းသပ်အစီအစဉ် ဒုတိယအဆင့်တွင် အဓိကဆောင်ရွက်သူအဖြစ် တာဝန်ယူမည်ဟု ကြေညာသည်။ အဆိုပါအစီအစဉ်တွင် အစိုးရထောက်ပံ့ငွေများကို deposit token ဖြင့် ထုတ်ပေးမည့် စနစ်သစ်ကို စမ်းသပ်သွားမည်ဖြစ်ပြီး၊ ဘဏ္ဍာရေးဆိုင်ရာ အသုံးချမှုအတွက် ကမ္ဘာ့ပထမဆုံးဖြစ်ကြောင်း LG CNS က ပြောသည်။

Project Hangang ဟု အမည်ပေးထားသည့် ယင်းစီမံကိန်းသည် ဘဏ်ကိုရီးယား၊ အစိုးရနှင့် ဘဏ်လုပ်ငန်းကဏ္ဍတို့ ပူးပေါင်းဆောင်ရွက်သည့် အစီအစဉ်ဖြစ်ပြီး၊ bank deposit များကို token အဖြစ် ပြောင်းလဲထားသည့် deposit token များက ငွေပေးချေမှုနည်းလမ်းသစ်တစ်ခုအဖြစ်သာမက အများပြည်သူရန်ပုံငွေ ထုတ်ပေးမှုများအတွက် ထိရောက်သည့်ကိရိယာတစ်ခုအဖြစ် အသုံးပြုနိုင်ခြင်း ရှိမရှိကို စမ်းသပ်ရန် ရည်ရွယ်ထားသည်။ ဒုတိယအဆင့်တွင် လျှပ်စစ်ယာဉ် အားသွင်းအခြေခံအဆောက်အအုံ စီမံကိန်းများအတွက် ထောက်ပံ့ငွေများကို deposit token ပုံစံဖြင့် ထုတ်ပေးမည်ဖြစ်ပြီး၊ ထုတ်ပေးခြင်းမှ နောက်ဆုံးရှင်းလင်းတွက်ချက်မှုအထိ လုပ်ငန်းစဉ်တစ်ခုလုံးကို blockchain ပေါ်တွင် အချိန်နှင့်တပြေးညီ မှတ်တမ်းတင်မည်ဖြစ်သဖြင့် ပွင့်လင်းမြင်သာမှု ပိုမိုတိုးတက်လာမည်ဟု ဆိုသည်။ ထို့အပြင် deposit token အခြေခံ ဒစ်ဂျစ်တယ် voucher များကို ရည်ရွယ်ချက်၊ သက်တမ်းကာလနှင့် အသုံးစရိတ်ပမာဏတို့အပေါ် ကန့်သတ်ချက်များဖြင့် ကြိုတင်သတ်မှတ်နိုင်သည့်အတွက် အစိုးရရန်ပုံငွေကို ပိုမိုတိကျထိရောက်စွာ အသုံးချနိုင်မည်ဖြစ်သည်။

စားသုံးသူဘက်တွင်လည်း LG CNS က biometric authentication (ကိုယ်ခန္ဓာအချက်အလက်ဖြင့် အတည်ပြုခြင်း)၊ person-to-person transfers (တစ်ဦးမှတစ်ဦးသို့ လွှဲပြောင်းခြင်း) နှင့် deposit token အလိုအလျောက် လုပ်ဆောင်မှုများ အပါအဝင် လုပ်ဆောင်ချက်အသစ်များကို ဒုတိယအဆင့်မတိုင်မီ ပြီးစီးအောင် တီထွင်ထားကြောင်း ပြောသည်။ ယင်းအဆင့်တွင် BNK Kyongnam Bank နှင့် iM Bank တို့လည်း ပါဝင်လာပြီး လက်ရှိပါဝင်နေသည့် KB Kookmin, Shinhan, Woori, Hana, IBK Industrial, NH NongHyup နှင့် BNK Busan တို့နှင့်အတူ စုစုပေါင်း ဘဏ် ၉ ခု ပါဝင်လာသည်။ သုံးစွဲသူများသည် ၎င်းတို့၏ အပ်ငွေများကို token အဖြစ် ပြောင်းလဲကာ သတ်မှတ်ထားသည့် အွန်လိုင်းနှင့် အော့ဖ်လိုင်း အရောင်းဆိုင်များတွင် QR code ဖြင့် ငွေပေးချေနိုင်မည်ဖြစ်ပြီး LG CNS က convenience store များ၊ စူပါမားကတ်များ၊ ကော်ဖီဆိုင်များနှင့် စာအုပ်ဆိုင်များအထိ လက်ခံအသုံးပြုနိုင်မှုကို တိုးချဲ့ရန် စီစဉ်နေကြောင်း ဆိုသည်။

Leave a Comment

Your email address will not be published. Required fields are marked *