Search for similar products on 1688 ❯

My

ပီရူးဘောလုံးဒေဘီပွဲတွင် ဖြစ်စဉ်ကြောင့် ၁ ဦး သေဆုံး၊ ၄၇ ဦး ဒဏ်ရာရ

ပီရူးနိုင်ငံ မြို့တော်လီမာရှိ Alejandro Villanueva အားကစားကွင်းတွင် သောကြာညက ဖြစ်ပွားခဲ့သည့် “ဖြစ်စဉ်” ကြောင့် လူ ၁ ဦး သေဆုံးပြီး ၄၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

ကျန်းမာရေးဝန်ကြီး Juan Carlos Velasco က အကြောင်းရင်းအသေးစိတ်ကို ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း “အားကစားကွင်းအတွင်း မနှစ်မြို့ဖွယ် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပြီး ၄၇ ဦး ဒဏ်ရာရရှိကာ ကံမကောင်းစွာပင် ၁ ဦး သေဆုံးခဲ့သည်” ဟု မီဒီယာများသို့ ပြောကြားခဲ့သည်။ အစပိုင်းတွင် အားကစားကွင်းနံရံအချို့ ပြိုကျခဲ့ခြင်းဟု သတ်မှတ်ခဲ့သော်လည်း Alianza Lima အသင်းက X ပေါ်တွင် “နံရံပြိုကျမှု သို့မဟုတ် အားကစားကွင်း၏ အဆောက်အအုံဆိုင်ရာ ချို့ယွင်းချက်ကြောင့် မဟုတ်” ဟု ပြန်လည်ထုတ်ပြန်ခဲ့သည်။

Velasco ၏ ပြောကြားချက်အရ ဒဏ်ရာရသူ ၃၉ ဦးကို လီမာဒေသတစ်ဝိုက်ရှိ ဆေးရုံများသို့ ပို့ဆောင်ခဲ့ပြီး ၎င်းတို့အနက် ၃ ဦးမှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသည်။ မီးသတ်ဦးစီး Marcos Pajuelo ကလည်း တောင်ဘက် stands များ၏ ဖွဲ့စည်းပုံမှာ ကောင်းမွန်နေဆဲဖြစ်ပြီး နံရံပြိုကျမှု သို့မဟုတ် အစိတ်အပိုင်းများက ကွင်းအောက်ဘက်ရှိ pit အတွင်း ကျဆင်းသွားခြင်း မတွေ့ရကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။ Peruvian football league ၏ ထုတ်ပြန်ချက်အရ Alianza Lima နှင့် Club Universitario de Deportes တို့၏ ပွဲစဉ်ကို စနေနေ့ညတွင် စီစဉ်ထားသည့်အတိုင်း ဆက်လက်ကျင်းပမည်ဖြစ်သည်။

Leave a Comment

Your email address will not be published. Required fields are marked *