Search for similar products on 1688 ❯

My

နျူကလီးယားလက်နက်ကိုင် အီရန်ကို ‘ကင်ဆာ’ ဟု ထရမ့် ခေါ်ဆို၊ အမေရိကန်က ‘ဖယ်ရှားပြီးပြီ’ ဟု ပြော

အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်က နျူကလီးယားလက်နက်ကိုင် အီရန်ကို “ကင်ဆာ” အဖြစ် သတ်မှတ်ပြောဆိုခဲ့ပြီး၊ အမေရိကန်၏ ဆက်လက်လုပ်ဆောင်နေသည့် စစ်ရေးလှုပ်ရှားမှုကြောင့် ၎င်းကို “ဖယ်ရှားပြီးပြီ” ဟု ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

ဝါရှင်တန်မြို့၌ ကျင်းပသည့် National Republican Congressional Committee (NRCC) ၏ နှစ်ပတ်လည် ရန်ပုံငွေရှာဖွေရေး ညစာစားပွဲတွင် ထရမ့်က ယင်းသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။ အမေရိကန်သည် “Operation Epic Fury” ဟု အမည်ပေးထားသည့် အီရန်အပေါ် လေကြောင်းတိုက်ခိုက်မှု စစ်ဆင်ရေးကို စတုတ္ထပတ်အဖြစ် ဆက်လက်ဆောင်ရွက်နေပြီး အီရန်၏ ဒုံးကျည်စွမ်းရည်နှင့် ရေတပ်ကို ဖျက်ဆီးရန်၊ နျူကလီးယားလက်နက် ရရှိရေးလမ်းကြောင်းကို လုံးဝပိတ်ဆို့ရန် ရည်ရွယ်ထားကြောင်း သိရသည်။

“ဖယ်ရှားရမယ့်အရာက ကင်ဆာပဲ။ ကင်ဆာကို ခွဲထုတ်ဖယ်ရှားရတယ်။ နျူကလီးယားလက်နက်ပါလာတဲ့ အီရန်က အဲဒီကင်ဆာပဲ၊ ကျွန်တော်တို့ ဖယ်ရှားပြီးပြီ” ဟု ထရမ့်က ပြောသည်။ စစ်ပွဲကြောင့် စွမ်းအင်ဈေးနှုန်းနှင့် စတော့ဈေးကွက်အပေါ် ရိုက်ခတ်နိုင်ခြေကိုလည်း ၎င်းက လျှော့ချပြောဆိုခဲ့ပြီး ယင်းသက်ရောက်မှုများမှာ “ကာလတို” သာ ဖြစ်မည်ဟု ဆိုသည်။

“စွမ်းအင်ဈေးတွေ တက်မယ်လို့ ကျွန်တော် ထင်ခဲ့တယ်။ စတော့ဈေးကွက်ကလည်း အနည်းငယ် ကျမယ်ထင်ခဲ့ပေမယ့် အဲဒါက ကျွန်တော့်အတွက် အရေးမကြီးဘူး… ကာလတိုပဲ” ဟု ထရမ့်က ပြောပြီး အီရန်ကို နျူကလီးယားလက်နက် ရရှိခွင့် မပေးရမည့်အရေးကို ထပ်မံအလေးထားခဲ့သည်။ အဆိုပါ မှတ်ချက်များ ထွက်ပေါ်လာချိန်တွင် ထရမ့်အစိုးရအနေဖြင့် ရေနံဈေးနှုန်းနှင့် ငွေကြေးဖောင်းပွမှုအပေါ် သက်ရောက်မှုများကို စိုးရိမ်သည့်အတွက် တီဟီရန်နှင့် ဆွေးနွေးညှိနှိုင်းမှုများမှတစ်ဆင့် စစ်ပွဲမှ လမ်းဖွင့်ထွက်နိုင်ရန် ကြိုးပမ်းနေကြောင်း သိရသည်။

Leave a Comment

Your email address will not be published. Required fields are marked *