Search for similar products on 1688 ❯

My

ထရမ့်က အီရန်တွင် ‘အစိုးရပြောင်းလဲမှု’ ဖြစ်ပြီးပြီဟု ပြော

အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က အမေရိကန်–အစ္စရေး၏ စစ်ရေးလှုပ်ရှားမှုကြောင့် အီရန်တွင် “အစိုးရပြောင်းလဲမှု” ဖြစ်ပွားပြီးပြီဟု တနင်္ဂနွေနေ့က ပြောကြားခဲ့သည်။ သို့သော် အီရန်ဘက်နှင့် သဘောတူညီမှုတစ်ရပ် ရရှိရန် ဆက်လက်ကြိုးပမ်းသွားမည်ဟုလည်း ၎င်းက ဆိုသည်။

မတ် ၂၉ ရက်က မေရီလန်းပြည်နယ်ရှိ Joint Base Andrews သို့ ဦးတည်ပျံသန်းနေသည့် Air Force One လေယာဉ်ပေါ်တွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် ထရမ့်က “သူတို့နဲ့ သဘောတူညီမှုတစ်ခု ရနိုင်မယ်လို့ ထင်ပါတယ်၊ တော်တော်သေချာပါတယ်… ဒါပေမယ့် ကျွန်တော်တို့မှာ အစိုးရပြောင်းလဲမှု ဖြစ်ပြီးပြီ” ဟု ပြောသည်။

တစ်လကြာ စစ်ပွဲအတွင်း အီရန်ခေါင်းဆောင်များ အများအပြား သေဆုံးခဲ့ခြင်းကို ထောက်ပြကာ “အခု ကျွန်တော်တို့ ဆက်ဆံနေရတာက အရင်က ဘယ်သူမှ မဆက်ဆံဖူးတဲ့ လူတွေပါ။ လုံးဝမတူတဲ့ အဖွဲ့တစ်ဖွဲ့ ဖြစ်တယ်။ ဒါကြောင့် ကျွန်တော်က အဲဒါကို အစိုးရပြောင်းလဲမှုလို့ပဲ သတ်မှတ်မယ်” ဟုလည်း ထရမ့်က ပြောကြားခဲ့သည်။ AFP ၏ သတင်းအရ သိရသည်။

Leave a Comment

Your email address will not be published. Required fields are marked *