My

တရုတ်နိုင်ငံသားများအတွက် ကိုရီးယား မျိုးစုံဝင်ဗီဇာ လျှောက်ထားခွင့် သတ်မှတ်ချက်များ လျှော့ချပေး

တောင်ကိုရီးယားနိုင်ငံသည် တရုတ်နိုင်ငံသားများအတွက် မျိုးစုံဝင်ဗီဇာ (multiple-entry visa) လျှောက်ထားခွင့် သတ်မှတ်ချက်များကို လျှော့ချပေးလိုက်ပြီး ခရီးသွားလုပ်ငန်းကို မြှင့်တင်ရန်နှင့် စီးပွားရေးခရီးစဉ် လာရောက်သူများအတွက် ပိုမိုအဆင်ပြေစေရန် ရည်ရွယ်ကြောင်း ဘေဂျင်းမြို့ရှိ ကိုရီးယားသံရုံးက မတ် ၃၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

သံရုံး၏ ပြောကြားချက်အရ ယခင်က တောင်ကိုရီးယားသို့ လာရောက်ဖူးသည့် တရုတ်နိုင်ငံသားများသည် သက်တမ်း ၅ နှစ်ရှိ မျိုးစုံဝင်ဗီဇာကို ရရှိနိုင်မည်ဖြစ်သည်။ ထို့ပြင် ဘေဂျင်း၊ ရှန်ဟိုင်း၊ ကွမ်ကျိုး အပါအဝင် အဓိကမြို့ကြီး ၁၄ မြို့တွင် နေထိုင်သည့် တရုတ်နိုင်ငံသားများအနေဖြင့် သက်တမ်း ၁၀ နှစ်ရှိ မျိုးစုံဝင်ဗီဇာ လျှောက်ထားနိုင်မည်ဖြစ်သည်။

တောင်ကိုရီးယားနိုင်ငံအတွင်း အမေရိကန်ဒေါ်လာ ၁ သန်းနှင့်အထက် ရင်းနှီးမြှုပ်နှံထားသည့် တရုတ်ကုမ္ပဏီများမှ ဝန်ထမ်းများအတွက်လည်း မျိုးစုံဝင်ဗီဇာ သက်တမ်းကို ၅ နှစ်မှ ၁၀ နှစ်အထိ တိုးမြှင့်ပေးမည်ဖြစ်ကြောင်း သံရုံးက ထပ်မံပြောကြားသည်။ အဆိုပါအစီအစဉ်ကြောင့် နှစ်နိုင်ငံအကြား လူမှုရေးနှင့် စီးပွားရေးဖလှယ်မှုများ ပိုမိုတိုးတက်လာပြီး ခရီးသွားနှင့် စီးပွားရေးကဏ္ဍများလည်း ပြန်လည်အားကောင်းလာမည်ဟု မျှော်လင့်ထားသည်။

Leave a Comment

Your email address will not be published. Required fields are marked *