My

တရုတ်က ၁၅ နှစ်ကြာ သေဒဏ်ကျခံနေသည့် ပြင်သစ်နိုင်ငံသားကို ကွပ်မျက်ခဲ့သည့်အပေါ် ပြင်သစ် ပြင်းပြင်းထန်ထန် ရှုတ်ချ

မူးယစ်ဆေးဝါး ရောင်းဝယ်မှုဖြင့် ပြစ်ဒဏ်ချမှတ်ခံထားရပြီး ၁၅ နှစ်ကျော် သေဒဏ်ကျခံနေခဲ့သည့် ပြင်သစ်နိုင်ငံသားတစ်ဦးကို တရုတ်နိုင်ငံက ကွပ်မျက်ခဲ့ခြင်းအပေါ် ပြင်သစ်နိုင်ငံက ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်သည်။ ပြင်သစ်အာဏာပိုင်များ၏ လွတ်ငြိမ်းချမ်းသာခွင့် တောင်းဆိုမှုများကို ပယ်ချပြီးနောက် ကွမ်ကျိုးမြို့တွင် ကွပ်မျက်ခဲ့ခြင်းဖြစ်ကြောင်း ပြင်သစ် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားသည်။

အသက် ၆၂ နှစ်အရွယ် ချန် သောင် ဖူမီ (Chan Thao Phoumy) ကို ၂၀၁၀ ခုနှစ်တွင် တရုတ်တရားရုံးက သေဒဏ်ချမှတ်ထားပြီးဖြစ်သည်။ ပြင်သစ်ဘက်က ၎င်း၏ အပြီးသတ် တရားရုံးကြားနာမှု၌ ကာကွယ်ရေးအဖွဲ့ မတက်ရောက်နိုင်ခဲ့သည့်အပေါ် “အလွန်တရာ စိတ်မချမ်းမြေ့ဖြစ်ရသည်” ဟု ဆိုကာ ၎င်း၏ အခွင့်အရေးများကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ထောက်ပြခဲ့သည်။

တရုတ်နိုင်ငံဘက်ကမူ ပဲရစ်မြို့ရှိ တရုတ်သံရုံးက တနင်္ဂနွေနေ့ ထုတ်ပြန်ချက်တွင် နိုင်ငံသားအားလုံးကို တန်းတူဆက်ဆံပြီး ကိစ္စရပ်များအားလုံးကို မျှတစွာ၊ ဥပဒေနှင့်အညီ တင်းကျပ်စွာ ကိုင်တွယ်ကြောင်း ပြန်လည်တုံ့ပြန်ခဲ့သည်။ ပြင်သစ်နိုင်ငံသည် ၁၉၈၁ ခုနှစ်တွင် သေဒဏ်ကို ဖျက်သိမ်းခဲ့ပြီး ယင်းအပြစ်ဒဏ်ကို ကမ္ဘာတစ်ဝန်းမှ ပပျောက်စေရန် တက်ကြွစွာ လှုပ်ရှားနေသည့် နိုင်ငံတစ်နိုင်ငံလည်း ဖြစ်သည်။

Leave a Comment

Your email address will not be published. Required fields are marked *