
ဆိုးလ်မြို့တော်အစိုးရက မြို့အနှံ့ နွေဦးပန်းလမ်းကြောင်း ၁၇၅ ခုကို စုစုပေါင်း ၂၅၁ ကီလိုမီတာအထိ သတ်မှတ်ကြေညာလိုက်သည်။ “Seoul Spring Flower Paths” ဟု အမည်ပေးထားသည့် အဆိုပါလမ်းကြောင်းများကို မြို့ခံများအနေဖြင့် အဝေးသို့သွားစရာမလိုဘဲ နွေဦးပန်းပွင့်အလှကို ခံစားနိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။
လမ်းကြောင်းများကို မြို့တွင်းလမ်းလျှောက်လမ်းကြောင်း ၇၄ ခု၊ ပန်းခြံလမ်းကြောင်း ၅၅ ခု၊ ရေကြောင်းဘေးလမ်းကြောင်း ၃၇ ခုနှင့် ရပ်ကွက်အစိမ်းရောင်လမ်းကြောင်း ၉ ခု ဟူ၍ ခွဲခြားထားသည်။ ထင်ရှားသည့်နေရာများအဖြစ် ယူးအီဒို (Yeouido) ရှိ Dong-Seo-ro တစ်လျှောက် ချယ်ရီပန်းလမ်းမ၊ ဆော့င်ဒုံဂူ (Seongdong-gu) ရှိ Eungbongsan တောင်ပေါ်မှ ဖော်ဆေးသီးယား (forsythia) ပွင့်ရာနေရာ၊ ဆော့ချွန်ရေကန် (Seokchon Lake) အနီး Songnaru ပန်းခြံနှင့် Anyang ချောင်းကမ်းပါးတို့ ပါဝင်သည်။ Weatheri မိုးလေဝသခန့်မှန်းချက်အရ ဖော်ဆေးသီးယားနှင့် အဇေးလျား (azaleas) ပန်းများမှာ မတ်လကုန်ပိုင်းတွင် ပွင့်လာမည်ဟု မျှော်လင့်ရပြီး ချယ်ရီပန်းများမှာ ဧပြီ ၁၀ ရက်ခန့်တွင် အပြည့်အဝပွင့်နိုင်ကြောင်း သိရသည်။
ယခုနှစ်လမ်းကြောင်းများတွင် ချယ်ရီပန်း၊ ireum tree flowers နှင့် royal azaleas ကဲ့သို့ နွေဦးရာသီပန်းမျိုးများအပြင် မြို့တော်၏ “Seoul’s 400 Attractive Plants” စာရင်းထဲမှ အပင်များကိုလည်း ထည့်သွင်းထားသည်။ ထို့အပြင် ယခုနှစ်အတွင်း ဥယျာဉ်သစ် ၄၂၄ ခု ထပ်မံတိုးချဲ့ထားသဖြင့် မြို့တစ်ဝန်းရှိ “Attractive Gardens” နှင့် “Companion Gardens” စုစုပေါင်းမှာ ၁,၅၀၀ ခန့်အထိ ရောက်ရှိလာပြီး ယမန်နှစ်ကုန်အထိ တပ်ဆင်ထားသည့် ၁,၀၇၆ ခုထက် တိုးလာခဲ့သည်။ မြို့ခံများအနေဖြင့် “Story in Seoul” ဝက်ဘ်စာမျက်နှာ (seoul.go.kr/story/springflowerway) နှင့် Smart Seoul Map (map.seoul.go.kr) တို့မှ လမ်းကြောင်း ၁၇၅ ခုလုံးကို ခေါင်းစဉ်အလိုက် သို့မဟုတ် ခရိုင်အလိုက် ရှာဖွေနိုင်ကြောင်း မြို့တော်က ဆိုသည်။ ဧပြီလတစ်လလုံး Smart Seoul Map ၏ Top 10 city life map အမျိုးအစားတွင်လည်း ပန်းလမ်းကြောင်းမြေပုံကို အထူးဖော်ပြသွားမည်ဖြစ်သည်။ “မြို့ခံတွေ ဝေးဝေးသွားစရာမလိုဘဲ နွေဦးအလှကို ခံစားနိုင်အောင် လမ်းကြောင်းတွေကို ရွေးချယ်ထားတာပါ” ဟု ဆိုးလ်မြို့တော် ဥယျာဉ်မြို့တော်ဗျူရိုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။