Search for similar products on 1688 ❯

My

ခရီးဆောင်အိတ်အတွင်း မိခင်အလောင်းကို ထည့်ကာ စွန့်ပစ်ခဲ့သည့် လင်မယားကို ဖမ်းဝရမ်း လျှောက်ထား

တောင်ကိုရီးယားနိုင်ငံ တဂူမြို့ အရှေ့တောင်ပိုင်းရှိ ချောင်းတစ်ခုအတွင်း ဇနီး၏ မိခင်အလောင်းကို ခရီးဆောင်အိတ်ထဲ ထည့်ကာ စွန့်ပစ်ခဲ့သည့် အသက် ၂၀ ကျော်အရွယ် လင်မယားနှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဝရမ်း လျှောက်ထားလိုက်ကြောင်း သိရသည်။

အမှုကို စုံစမ်းနေသည့် တဂူဘူတ်ဘူရဲစခန်းက လင်ယောက်ျားကို မိသားစုဝင်တစ်ဦးအား သတ်ဖြတ်မှုနှင့် အလောင်းဖျောက်ဖျက်မှု၊ ဇနီးကို အလောင်းဖျောက်ဖျက်မှုတို့ဖြင့် အရေးယူထားသည်။ ရဲတပ်ဖွဲ့၏ ဖော်ပြချက်အရ ၎င်းတို့စုံတွဲသည် မတ် ၁၈ ရက်တွင် ဆိုးလ်မြို့အရှေ့တောင်ဘက် ၂၅၀ ကီလိုမီတာခန့်အကွာ တဂူမြို့ဗဟိုရှိ ၎င်းတို့၏ နေအိမ်တွင် အလောင်းကို ခရီးဆောင်အိတ်ထဲ ထည့်သွင်းခဲ့ပြီးနောက် အနီးရှိ ဆင်ချွန်ချောင်း (Sincheon Stream) သို့ သယ်ဆောင်သွားကာ စွန့်ပစ်ခဲ့ကြောင်း ဝန်ခံခဲ့သည်။

ဒေသခံများက ခရီးဆောင်အိတ်တစ်လုံး ရေနှင့်အတူ မျောပါနေသည်ကို တွေ့ရှိတိုင်ကြားပြီးနောက် ရဲတပ်ဖွဲ့က CCTV မှတ်တမ်းများကို စိစစ်ရာတွင် စုံတွဲနှစ်ဦးသည် အဆိုပါအိတ်ကို ဆွဲယူလျက် နေအိမ်မှ ထွက်သွားသည်ကိုလည်း အတည်ပြုနိုင်ခဲ့သည်။ သံသယရှိသူ အမျိုးသားက အသက် ၅၀ ကျော်အရွယ် ယောက္ခမကို “ပုံမှန်အားဖြင့် ဆူညံပွက်လောရိုက်တတ်ပြီး ပစ္စည်းများကို မစီမံတတ်ခြင်း” ကြောင့် တိုက်ခိုက်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံ ပြောကြားခဲ့သည်ဟု သိရသည်။ အာဏာပိုင်များက ဇနီးသည်လည်း အလောင်းကို ချောင်းအတွင်း သယ်ယူပစ်စဉ် အတူလိုက်ပါခဲ့ကြောင်း ပြောသည်။

ကနဦး ခွဲစိတ်စစ်ဆေးချက်အရ သေဆုံးသူ၏ ရင်ဘတ်နှင့် တင်ပါးဆုံအပါအဝင် ခန္ဓာကိုယ် အစိတ်အပိုင်းအချို့တွင် အရိုးကျိုးဒဏ်ရာ အများအပြား တွေ့ရှိရသည်။ ရဲတပ်ဖွဲ့က အပြင်ဘက်မှ အင်အားသုံး တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာသည့် ထိခိုက်ဒဏ်ရာများကြောင့် သေဆုံးခဲ့ခြင်းဟု ယူဆထားသည်။

Leave a Comment

Your email address will not be published. Required fields are marked *