My

ကျောက်မီးသွေးတူးရာက ခေါက်ဆွဲရောင်းရမလား — တရုတ်နိုင်ငံ တူးဖော်ရေးလုပ်သားများ အပြောင်းအလဲနှင့် ရင်ဆိုင်နေရ

တရုတ်နိုင်ငံမြောက်ပိုင်း ရှန်ရှီးပြည်နယ် ဒါတုံမြို့ရှိ ကျောက်မီးသွေးလုပ်သားများသည် “ကျောက်မီးသွေးတူးဖော်ရေးခေတ်” မှ “ခရီးသွားလုပ်ငန်းနှင့် အခြားစီးပွားရေး” သို့ ကူးပြောင်းရမည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။ အချို့က ခရီးသွားဧည့်သည်များကို ဦးတည်၍ စားသောက်ဆိုင်များ ဖွင့်ထားသော်လည်း အများစုမှာမူ လုပ်ငန်းသစ်များသို့ ဝင်ရောက်ရန် လိုအပ်သည့် အရည်အချင်းနှင့် လမ်းကြောင်းမရှိဘဲ အခက်ကြုံနေရသည်။

အသက် ၆၀ အရွယ် အငြိမ်းစား ကျောက်မီးသွေးလုပ်သား Yang Haiming ကလည်း အလုပ်မှ နားပြီးနောက်တွင်ပင် လက်မလျှော့ခဲ့ဘဲ ယုန်ဂန်ဂရိုတိုစ် (Yungang Grottoes) သို့ လာရောက်သည့် ခရီးသွားများကို ဦးတည်ကာ သိုးသားတုတ်ချောင်း ရောင်းချသည့် စားသောက်ဆိုင်တစ်ဆိုင်ကို ဖွင့်လှစ် လုပ်ကိုင်နေသည်။ ထို့အပြင် ရှန်ရှီးပြည်နယ်သည် ၂၀၂၅ ခုနှစ်အတွင်း ကျောက်မီးသွေး ၁.၃ ဘီလီယံတန် ထုတ်လုပ်နိုင်ခဲ့ပြီး လုပ်သားအင်အား ၈ သိန်းခန့် ဆက်လက် အလုပ်လုပ်နေဆဲဖြစ်သလို၊ သယ်ယူပို့ဆောင်ရေးနှင့် စားသောက်ဆိုင်လုပ်ငန်းအပါအဝင် ကျောက်မီးသွေးကဏ္ဍပေါ် တိုက်ရိုက်မဟုတ်ဘဲ မှီခိုနေသည့် လူသန်းပေါင်းများစွာလည်း ရှိနေသည်။

Yang နေထိုင်ခဲ့သည့် No. 9 မိုင်းနယ်မြေမှာ တစ်ချိန်က ကျောင်း၊ နေ့ကလေးစောင့်ရှောက်ရေးဌာနနှင့် အားကစားရုံအထိ ပါဝင်သည့် လုပ်သားအဝန်းအဝိုင်းကြီးတစ်ခု ဖြစ်ခဲ့သော်လည်း ယခုအခါ အများစုမှာ ပြတိုက်သဖွယ် ဖြစ်သွားပြီး ကျောင်းလည်း ပိတ်ထားရသည်။ ဝင်ငွေကျဆင်းလာသည့်အပြင် မိုင်းလုပ်သားအများအပြားသည် အခြားအလုပ်အကိုင်များသို့ မကူးပြောင်းနိုင်သေးသဖြင့် မိသားစုစားဝတ်နေရေးအတွက် စိုးရိမ်နေရကြောင်း လက်ရှိ လုပ်သား Zhou Hongfei က ပြောဆိုသည်။

ဒေသခံများအတွက် ခရီးသွားလုပ်ငန်းသည် အဓိက ထွက်ပေါက်တစ်ခု ဖြစ်လာနိုင်သော်လည်း အကျိုးအမြတ်များကို အကြီးစားဟိုတယ်များနှင့် စားသောက်ဆိုင်အနည်းငယ်ကသာ အများဆုံး ရယူနိုင်မည်ကို ဒေသခံများက စိုးရိမ်နေကြသည်။ တစ်ဖက်တွင် တရုတ်နိုင်ငံသည် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို လျင်မြန်စွာ တိုးချဲ့နေသော်လည်း ကျောက်မီးသွေးကို အပြည့်အဝ မစွန့်လွှတ်နိုင်သေးဘဲ ၂၀၂၅ ခုနှစ်တွင် ကျောက်မီးသွေးအခြေစိုက် လျှပ်စစ်စက်ရုံ ၇၈ ဂီဂါဝပ် ထပ်မံ အသုံးပြုနိုင်ရန် တိုးချဲ့ခဲ့ကြောင်းလည်း ဖော်ပြထားသည်။

Leave a Comment

Your email address will not be published. Required fields are marked *