Search for similar products on 1688 ❯

My

ကိုယ်မောင်းကားနည်းပညာ ဖွံ့ဖြိုးရေးအတွက် ဟန်ဂေရီတွင် Samsung လက်အောက်ခံ Harman ကန်ဒေါ်လာ 151 သန်း ရင်းနှီးမြှုပ်နှံမည်

Samsung Electronics လက်အောက်ခံ Harman International သည် ဟန်ဂေရီရှိ သုတေသနနှင့် ထုတ်လုပ်ရေးလုပ်ငန်းစခန်းများအတွက် ယူရို 131 သန်း (အမေရိကန်ဒေါ်လာ 151 သန်း) ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ရင်းနှီးမြှုပ်နှံမှုကို ကိုယ်မောင်းကားနည်းပညာ ဖွံ့ဖြိုးရေးအတွက် အသုံးပြုမည်ဟုလည်း ဆိုသည်။

ဟန်ဂေရီ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအေဂျင်စီက သောကြာနေ့တွင် ထုတ်ပြန်သည့် ကြေညာချက်အရ ယင်းရင်းနှီးမြှုပ်နှံမှု၏ တစ်စိတ်တစ်ပိုင်းကို ဘူဒါပက်မြို့ရှိ Harman ၏ အဓိက သုတေသနနှင့် ဖွံ့ဖြိုးရေးစင်တာတွင် ကိုယ်မောင်းလုပ်ဆောင်ချက်များအတွက် ဆော့ဖ်ဝဲနှင့် ဟာ့ဒ်ဝဲ ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် သုံးစွဲမည်ဖြစ်သည်။ ထို့အပြင် Szekesfehervar မြို့တွင်လည်း ကိုယ်မောင်းစနစ်များနှင့် သတင်းအချက်အလက် စီမံခန့်ခွဲမှု ဖြေရှင်းချက်များအတွက် သုတေသနနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်သည်။ Szekesfehervar နှင့် Pecs မြို့များရှိ ထုတ်လုပ်ရေးစခန်းများတွင်လည်း အော်တိုမေးရှင်းနှင့် ဒစ်ဂျစ်တယ်စနစ်များကို အားကောင်းစေကာ ထုတ်လုပ်မှုစွမ်းဆောင်ရည် မြှင့်တင်မည်ဟု ဆိုသည်။

Mercedes-Benz အပါအဝင် ကမ္ဘာ့ကားထုတ်လုပ်သူများသည် ကိုယ်မောင်းကားနှင့် software-defined car များဘက်သို့ အလျင်အမြန် ဦးတည်နေချိန်တွင် Harman ၏ ရင်းနှီးမြှုပ်နှံမှု ထွက်ပေါ်လာခြင်းဖြစ်သည်။ ကားထုတ်လုပ်သူများသည် အဆင့်မြင့်ယာဉ်များအတွက် ပေါင်းစည်းထားသည့် စနစ်များ မိတ်ဆက်နိုင်ရေး အီလက်ထရွန်နစ်နှင့် လျှပ်စစ်စနစ် ဖွံ့ဖြိုးရေးကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်မှုကိုလည်း တိုးချဲ့နေကြသည်။ စက်မှုလုပ်ငန်းဆိုင်ရာ တာဝန်ရှိသူများ၏ သုံးသပ်ချက်အရ Harman ၏ ရင်းနှီးမြှုပ်နှံမှုသည် Samsung နှင့် Mercedes-Benz တို့၏ ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်လာနေခြင်းနှင့် ကိုက်ညီနေပြီး ထုတ်ကုန်ဖွံ့ဖြိုးရေး၏ အစောပိုင်းအဆင့်များတွင် ပူးပေါင်းမှု ပိုမိုနက်ရှိုင်းလာနေကြောင်းလည်း ဖော်ပြနေသည်။

ပြီးခဲ့သည့် နိုဝင်ဘာလက Samsung Electronics ၏ အမှုဆောင်ဥက္ကဋ္ဌ လီဂျေးယောင်းသည် ဆိုးလ်မြို့၌ Mercedes-Benz ဥက္ကဋ္ဌ Ola Kallenius နှင့် တွေ့ဆုံကာ ယာဉ်သုံး အီလက်ထရွန်နစ်အစိတ်အပိုင်းများအတွက် မိတ်ဖက်ပူးပေါင်းမှုများကို ဆွေးနွေးခဲ့သည်။ မူလက အိမ်သုံးနှင့် ကားသုံး အသံစနစ်များ ဖွံ့ဖြိုးရေးကုမ္ပဏီအဖြစ် စတင်ခဲ့သည့် Harman သည် ယခုအခါ connected car systems လုပ်ငန်းနယ်ပယ်သို့ လုပ်ငန်းလှုပ်ရှားမှုများကို တိုးချဲ့နေပြီး Samsung Electronics က ၂၀၁၇ ခုနှစ်တွင် ဝယ်ယူထားခြင်းဖြစ်သည်။

Leave a Comment

Your email address will not be published. Required fields are marked *